တပ်မတော်နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ သာယာဝတီPDFအကြမ်းဖက်အဖွဲ့စခန်း ဝင်ရောက်စီးနင်းရှင်းလင်း


(အကြမ်းဖက်မှု) မေ ၂၉

ယနေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးရိုးမအတွင်း လူသတ်ဆက်ကြေးကောက်ပြီး အကြမ်းဖက်လုပ်ရပ်များလုပ်ကိုင်နေသော သာယာဝတီ PDF အကြမ်းဖက် သောင်းကျန်းသူများ၏ စခန်းကို နယ်မြေရှင်းလင်းရေးတပ်မတော်စစ်ကြောင်းမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ အကြမ်းဖက်အလောင်းများနှင့် ဆက်စပ်လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။

နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ ရှင်းလင်းရာ PDF အကြမ်းဖက်သောင်းကျန်းသူ ၂ လောင်း၊ လက်လုပ် ၁၂ ဗို့ သေနတ် ၁ လက်၊ ရှေ့ထွက်မိုင်း ၇ လုံး၊ ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်သမားများအား တပ်မတော်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ