စဥ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာ၊ ရာအိမ်မှုးအား အကြမ်းဖက် PDF များက ဖမ်းဆီးသတ်ဖြတ်


(ပြည်တွင်း) မေ ၂၉

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ညောင်ဝန်းကျေးရွာ​ ရာအိမ်မှူးအား ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF သောင်းကျန်းသူအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာ အနောက်ဘက်ရှိ သုသာန်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရာအိမ်မှူး ဦးဝင်းကိုတွင် ယာမျက်စိ၏ အထက်မှ နောက်စေ့သို့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲမျက်စိ ၏ အထက်မှနောက်စေ့သို့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နဖူးမှ နောက်စေ့သို့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွား ကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ