ချီဖွေမြို့နယ်တွင် မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် တောင်းကျချောင်းရေများကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး ကျေးရွာနေအိမ်အချို့ ရေမျောပါကာ ကလေးငယ် ၁ ဦးသေဆုံး


မေ ၂၉

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ယနေ့ နံနက် ၅ နာရီ၀န်းကျင်ခန့်အချိန်က မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တောင်ကျချောင်းရေများကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး မျောမောပါရွာနှင့် အနီးအနားပတ်၀န်းကျင်ရွာများမှ နေအိမ်အချို့ ရေမျောပါရာ ကလေးငယ် ၁ ဦး သေဆုံသည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ချီဖွေမြို့နှင့် ၆ မိုင်အကွာရှိ မျောမောပါရွာနှင့် အနီးအနားရှိ ပတ်၀န်းကျင်ရွာများအတွင်း တောင်ကျရေများစီး၀င်လာသဖြင့် လူနေအိမ် ၁၀ အိမ်ခန့် ရေထဲမျှောပါသွားခဲ့ပြီး မျောမောပါရွာမှ အသက် ၁၀ နှစ်ဝန်းကျင်ရှိ ယောကျ်ားလေး ၁ ဦး တောင်ကျချောင်းရေထဲမျှောပါ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်ထိ ချီဖွေတစ်မြို့လုံး မိုးသည်းထန်စွာရွာသွန်းနေပြီး မျောမောကျေးရွာ အနီးရှိ ဇန်နောင်ယန်ရွာတွင်လည်း နေအိမ်တစ်ချို့ ထိခိုက်ပျက်စီးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အတူ တနိုင်းမြို့နယ်ရှိ တရုံချောင်းသည်လည် မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့်ချောင်းရေကြီးကာ တံတားကို စောင့်ကြည့်ရမည့်အခြေနေသို့ ရောက်ရှိနေကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ