ကလေးမြို့၌ SR-5 အဖွဲ့ ဒုရင်းမှူးအဆင့်ရှိ တစ်ဦးအား ဖမ်းစီးရမိ


မေ ၂၉

ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် တောင်ဇလပ်ရပ်ကွက်တွင် ကလေးမြို့ အကြမ်းဖက်ထိပ်ပိုင်း‌ခေါင်းဆောင် ၁ ဦးအား ပစ်ခတ်ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်ထိပ်ပိုင်း‌ခေါင်းဆောင်ဖြစ်သူ ဒီမို(ခ)ရန်နိုင်(SR-5 အဖွဲ့ ဒုရင်းမှူးအဆင့်ရှိ)ကို တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေး အဖွဲ့များမှ သွားရောက်ဖမ်းဆီးခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ထို့အတူ ၎င်း၏ ပစ္စတို ၁ လက်၊ ပစ္စတိုကျည်ဆံ ၁၆ တောင့်၊ ကျည်အိမ် ၂ ခု၊ ဟန်းဆက် ၁ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ