NUG ၊ PDF အဖွဲများ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံနေသော နိုင်ငံများသို အိတ်ဖွင့်ပေးစာ

အမည်မဖော်လိုသူ ပြည်သူတစ်ဦး

ယခုတလော လူမှုကွန်ရက်စာမျက်နှာတွေမှာ မြင်တွေ့ရတဲ့ NUG၊ PDF အဖွဲများရဲ့ ရက်စက်ကြမ်းတမ်းစွာ လူမဆန်သည့် အကြမ်းဖက်လူသတ်ခဲ့တဲ့ သတင်းများကို မြင်တွေ့မိပြီး အကြမ်းဖက်အားပေးနေသူများသိစေရန် တာဝန်သိပြည်သူတစ်ဦးအနေနဲ့ ယခုအိတ်ဖွင့်ပေးစာကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့ကစပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံနေတဲ့ PDF အချင်းချင်း သတ်ဖြတ်ခဲ့ကြတဲ့ အကြမ်းဖက်သတ်ဖြတ်မှု ဗီဒီယိုဖိုင်တစ်ခုဟာ မြင်တွေ့ရသူတိုင်း စိတ်နှလုံးထိခိုက်ဖွယ် မြင်ကွင်းဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်ဟာ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြိုနယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ဖြစ်စဉ်တစ်ခုဖြစ်ပြီး လူလေးဦးကို လက်နောက်ပြန် ကြိုးတုပ်စစ်ဆေးမေးမြန်းပြီး ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းဖြစ်ပါတယ်။ သတ်ဖြတ်ကြသူတွေဟာ အကြမ်းဖက်ခေါင်းဆောင် စနေနဲ့အဖွဲသားများဖြစ်ကြပြီး ပြည်သူလူထုဆီကနေ ဓားပြတိုက်ပြီး ရရှိလာတဲ့ ငွေကြေးတွေကို ၎င်းတိုအဖွဲထဲက အဖွဲဝင်တချိုက ခိုးယူထွက်ပြေးလိုဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးစစ်ဆေး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်မှာတော့ ရက်ရက်စက်စက် ခေါင်းဖြတ်၊ နားရွက်ဖြတ် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုလည်း ခုတ်ထစ် သတ်ဖြတ်နေကြတာကို တွေ့ရပါတယ်။

ဗီဒီယိုဖိုင်ထဲက အကြမ်းဖက်လုပ်ရပ်ဟာ ဘယ်လိုအကြောင်းပြချက်နဲ့ဖြစ်ဖြစ် လက်ခံလိုမရဘဲ လူစိတ်ကင်းမဲ့ကာ သတ်ဖြတ်နေသူများဟာ မူးယစ်ဆေးဝါးသုံးစွဲထားတယ်လို ယူဆရပါတယ်။ မြင်တွေ့ရသူတိုင်း စိတ်နှလုံးမချမ်းမြေ့ရသလို ဒီလိုရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း လုပ်နေသူများကိုလည်း အားမပေးသင့်ဘူးလို ထင်မြင်မိပါတယ်။

နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ အပြစ်မဲ့ပြည်သူတွေအပေါ် ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြိုနယ် ဆုံရွာကျေးရွာကို ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့က PDF အကြမ်းဖက်သမားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြပါတယ်။ ဒီလိုပစ်ခတ်တိုက်ခိုက်ရတဲ့ အကြောင်းရင်းက သူတိုရဲ့ အကြမ်းဖက်လုပ်ရပ်ကို မထောက်ခံလို၊ အမြင်မတူလိုဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်ပါတယ်။ ဒီလိုအရပ်သားများသာရှိနေတဲ့ ရွာထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြလိုနေအိမ်တွေပေါ် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပါတယ်။ ကျေးရွာအတွင်းက နေအိမ်အလုံး ၅၀ ခန့်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ သေဆုံးသူများထဲမှာ ကလေးငယ်များပါဝင်နေပြီး လက်နက်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

NUG အဖွဲရဲ့ ကြိုးကိုင်စေခိုင်းမှုကြောင့် PDF အဖွဲများဟာ ဒီလို လူသတ်အကြမ်းဖက် လုပ်ရပ်များသာမက စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေကို နှောင့်ယှက်တိုက်ခိုက်ခြင်းဆိုတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လျက်ရှိတာကို သူတိုရဲ့ ထုတ်ပြန်ချက်တွေနဲ့ လူမှုကွန်ရက် သတင်းတွေမှာ သက်သေအထောက်အထားများနဲ့တကွ မကြာခဏမြင်တွေ့ ကြားသိနေရပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို မှန်ကန်စွာ ရှုမြင်သုံးသပ်ကြည့်လိုက်ရင် နိုင်ငံရေးရယူလိုမှုကို အကြောင်းပြချက်ပေးပြီး လူသတ်အကြမ်းဖက်လုပ်ရပ်နဲ့ အစွန်းရောက်ဝါဒကို NUG၊ PDF တို ကျင့်သုံးနေတာကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။ NUG ကို အလွတ်သဘော ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံမှာ နစကအစိုးရပြုတ်ကျရေး ဖိအားပေးလိုတာ တစ်ခုတည်းနဲ့ NUG ၊ PDF တွေရဲ့ စစ်ဘက်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ခြင်းစတဲ့ ကိစ္စရပ်တွေကို လျစ်လျူရှုထားပြီး ပုံသဏ္ဌာန်မျိုးစုံနဲ့ ထောက်ပံ့ဖို ကြိုးစားနေကြတာ မလုပ်သင့်တဲ့ လုပ်ရပ်များဖြစ်ပါတယ်။ ဒီလိုတာဝန်မဲ့ပြီး အကြမ်းဖက်ဝါဒအားပေးရေး လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ထပ်မံဖြစ်ပွားနေခြင်းဖြစ်ပါတယ်။ ဒီလိုစစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ NUG ၊ PDF တွေကို ငွေကြေးထောက်ပံ့ခြင်း၊ နေထိုင်စရာ ခိုလှုခွင့်ပေးခြင်းနှင့် အလွတ်သဘော ထိတွေ့မှု ပြုလုပ်ပေးနေခြင်းဟာ သူတိုရဲ့အကြမ်းဖက်လုပ်ရပ်များကို အသိအမှတ်ပြုပြီး အားပေးထောက်ခံတဲ့သဘော သက်ရောက်နေပါတယ်။

PDF တွေအနေနဲ့ စည်းစနစ်မရှိဘဲ ပရမ်းပတာ ဖွဲစည်းထားတဲ့ လက်နက်ကိုင်အဖွဲဖြစ်တာကြောင့် လက်နက်မရှိတဲ့ပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်နေတာတင်မကတော့ဘဲ အချိန်ကြာလာတဲ့အခါမှာ PDF အကြမ်းဖက်အဖွဲအချင်းချင်းလည်း ခေါင်းစဉ်မျိုးစုံနဲ့ အပြန်အလှန်သတ်ဖြတ်မှုတွေ ကျူးလွန်နေကြခြင်းဖြစ်ပါတယ်။ ီလိုသတ်ဖြတ်မှုတွေ ကျူးလွန်နေတာကို အမေရိကန်အပါအဝင် NUG နဲ့ PDF တွေကို ထိတွေ့ ဆက်ဆံနေတဲ့နိုင်ငံများ မသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ PDF များရဲ့ အကြမ်းဖက်မှုကျူးလွန်နေတဲ့ ဗီဒီယိုဖိုင်တွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ သိသိသာသာ ပျံ့နှံနေတာဖြစ်ပြီး နိုင်ငံတကာအနေနဲ့ လည်း သက်ဆိုင်ရာသံရုံး၊ စစ်သံရုံးတွေရဲ့ သတင်းပိုတင်ပြချက်တွေရှိနေမှာ ဖြစ်ပါတယ်။

အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ အဖွဲအစည်းများကလည်း နိုင်ငံတကာကို သတင်းများပေးပိုပြီး NUG ၊ PDF အဖွဲများရဲ့ အကြမ်းဖက်လုပ်ရပ်များကို မီးမောင်းထိုးပြပေးနေပါတယ်။ ဒီလိုအကြမ်းဖက်အဖွဲအစည်းတွေကို အမေရိကန်နိုင်ငံအနေနဲ့ အဆင်အခြင်ကင်းမဲ့စွာ ထောက်ခံအားပေးနေတာဟာ အလွန်အံ့ဩဖွယ် ကောင်းလှပါတယ်။

အမေရိကန်အစိုးရအဖွဲဟာ ၂၀၂၄ ခုနှစ် ဘဏ္ဍာ ရေးနှစ်အတွက် အကူအညီပေးရေး ရန်ပုံငွေထဲကနေ မြန်မာနိုင်ငံက အကြမ်းဖက်သောင်းကျန်းသူအဖွဲတွေနဲ့ NUG ၊ PDF အဖွဲများအတွက် စစ်လက်နက်မဟုတ်တဲ့ ကူညီထောက်ပံ့မှု (Nonlethal Aid) နဲ့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီ (Humanitarian Aid) ပေးအပ်သွားမယ်လို ကြေညာထားတာ တွေ့ရပါတယ်။ မည်သိုပင် Nonlethal Aid လို ခေါင်းစဉ်တပ်နေပေမယ့် လက်တွေ့မှာ အမေရိကန်ထောက်ပံ့ငွေများဟာ အကြမ်းဖက်မှုတွေ လုပ်ဖိုနဲ့ လက်နက်ဝယ်ဖို ထောက်ပံ့ကြေး ဖြစ်သွားတယ်ဆိုတာကို အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံနဲ့ အပေါင်းအပါနိုင်ငံများက NUG ၊ PDF အဖွဲများရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုပြီး သူတိုကိုအားပေး ထောက်ခံမှုပြုတယ် ဆိုတဲ့အချက်ဟာလည်း NUG ၊ PDF အဖွဲများအတွက် စိတ်ဓာတ်ခွန်အားများရရှိစေကာ ယခုလိုရက်စက်ကြမ်းတမ်းတဲ့ လုပ်ရပ်များကို အတိုင်းအဆမရှိ အထိန်းအကွပ်မဲ့ ဆက်လက်လုပ်ဆောင်နေကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေမှန်တွေကို သေချာစွာ လေ့လာစိစစ်ဖိုလိုပြီး နစကအစိုးရ ဆန့်ကျင်ရေး လော်ဘီသတင်းဌာနတွေရဲ့ ဖော်ပြချက်သတင်းမှားတွေမှာပဲ လမ်းဆုံးမနေကြဖို ဒီစာကနေတစ်ဆင့် အသိပေးလိုပါတယ်။ ဒါကလည်း အမေရိကန်ပြည်သူတွေရဲ့ အဖိုးတန်တဲ့ ဘဏ္ဍာငွေတွေကို အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်မှုတွေ ဖန်တီးတဲ့နေရာမှာ အသုံးမပြုမိစေဖို စေတနာရှေ့ထားပြီး ထောက်ပြရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အလားတူပဲ NUG ကို အလွတ်သဘော ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံများအနေနဲ့လည်း မိတ်ဆွေတိုရဲ့ လုပ်ရပ်များဟာ PDF အကြမ်းဖက်သမားများကို အားပေးအားမြှောက် ပြုရာရောက်တယ်ဆိုတာကို သိစေအပ်ပါတယ်။

NUG ၊ PDF အဖွဲတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ကို လက်နက်ကိုင် အကြမ်းဖက်နည်းလမ်းနဲ့ ရယူဖို ကြိုးစားနေတဲ့ အကြမ်းဖက်ဝါဒပုံစံအသစ်ကို ဒေသတွင်း နိုင်ငံများသို မပျံ့နှံစေရေးအတွက် NUG ၊ PDF အကြမ်းဖက်သမားများကို အားပေးထောက်ခံမှုများ မပြုလုပ်ကြရန် တောင်းဆိုချင်ပါတယ်။

ယခုအခါမှာ NUG ခေါင်းဆောင်ပိုင်းအချင်းချင်းနဲ့ လော်ဘီများအချင်းချင်းလည်း ပြည်သူတွေဆီကနေ လိမ်လည်ကောက်ခံထားတဲ့ ငွေကြေးအရှုပ်တော်ပုံတွေ၊ နိုင်ငံရပ်ခြားမှာ မိသားစုလိုက်ခေါ်ပြီး တိုက်တွေ၊ ကားတွေဝယ်ပြီး သောက်စားဇိမ်ခံနေကြတဲ့ မြင်ကွင်းတွေနဲ့ပတ်သက်ပြီး ပြည်တွင်း/ပြည်ပက သူတိုကိုထောက်ခံနေတဲ့ သူတွေကိုယ်တိုင် အယုံအကြည်မရှိကြတော့တဲ့ အခြေအနေများ ဖြစ်ပေါ်နေပါတယ်။ ၎င်းတိုအချင်းချင်းလည်း အပြန်အလှန်စွပ်စွဲမှုတွေနဲ့ တစ်စထက်တစ်စ ပြိုကွဲနေပြီဖြစ်သလို ပြည်တွင်းက ပြည်သူအများစုကလည်း NUG၊ PDF တွေရဲ့ လွဲမှားတဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့ နိုင်ငံရေးရည်မှန်းချက်ကိုရယူဖို ကြိုးစားနေမှုများကို သိရှိနားလည်ပြီး ထောက်ခံအားပေးမှုတွေ လျော့ကျနေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေး၊ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်နေခြင်းများကို ရွံရှာမုန်းတီးနေကြပြီ ဖြစ်ပါတယ်။

ယခုဖော်ပြခဲ့တဲ့ NUG ၊ PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ်များ အထူးသဖြင့် လူမဆန်စွာ သတ်ဖြတ်နေတဲ့ဖြစ်စဉ်တွေ မြန်မာနိုင်ငံအတွင်း ထပ်မံမဖြစ်ပွားစေရေးအတွက် ဒီလိုအဖွဲအစည်းတွေကို နိုင်ငံတကာအနေနဲ့ ထောက်ခံအားပေးနေခြင်း မလုပ်သင့်ပါကြောင်း တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ပြည်သူတစ်ဦးအနေနဲ့ အိတ်ဖွင့်ပေးစာ ရေးသားပြီး တောင်းဆိုလိုက်ပါတယ်။ ။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ