မြောက်ကိုရီးယား၏ ဒုတိယမြောက် ထောက်လှမ်းရေးဂြိုလ်တုကို တင်ဆောင်လာသော ဒုံးပျံသည် ဝေဟင်၌ ပေါက်ကွဲ

မေ ၂၈

      မြောက်ကိုရီးယားမှ နိုင်ငံ၏ ဒုတိယမြောက်ထောက်လှမ်းရေးဂြိုလ်တုကို ဖြန့်ကြက်ရန် လွှတ်တင်ခဲ့သည့် ဒုံးကျည်တစ်စင်းသည် တနင်္လာနေ့တွင် လွှတ်တင်ပြီးနောက် မကြာမီမှာပင် ပေါက်ကွဲခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို စောင့်ကြည့်မည့် ဂြိုဟ်တုများ တပ်ဆင်ရန်အတွက် ခေါင်းဆောင် Kim Jong Un ၏ မျှော်လင့် ချက်အတွက် ဆုတ်ယုတ်မှုတစ်ခုဖြစ်သည်။

      တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်ခေါင်းဆောင်များသည် လေးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် သုံးနိုင်ငံတွေ့ဆုံမှုကို ဆိုးလ်တွင် တွေ့ဆုံပြီးနောက် နာရီအကြာတွင် ယခုလို ဂြိုလ်တုပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။  ၎င်း၏ အဓိကမဟာမိတ်နှင့် စီးပွားရေးထွက်ပေါက်ဖြစ်သည့် တရုတ်နိုင်ငံသည် ဒေသတွင်း အဆင့်မြင့်သံတမန်ရေးရာတွင် ပါဝင်ဆောင်ရွက်နေချိန်တွင် မြောက်ကိုရီးယားအတွက် ရန်စသည့် လုပ်ရပ်မျိုး ပြုလုပ်ခြင်းသည် အလွန်ထူးခြားပါသည်။

        ဒုံးကျည်ပစ်လွှတ်မှုသည် မြောက်ကိုရီးယား၏ အိမ်နီးချင်းများထံမှ ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ အကြောင်းမှာ တာဝေးပစ်ဒုံးကျည်နည်းပညာကို စမ်းသပ်ရန်အတွက် အကျုံးဝင်သည့် ဒုံးကျည်ပစ်လွှတ်မှုမျိုး မလုပ်ဖို့ ကုလသမဂ္ဂက မြောက်ကိုရီးယားကို ယခုလို တားမြစ်ထားခြင်းကြောင့် ဖြစ်သည်။

       မြောက်ကိုရီးယား၏ ပင်မအနောက်မြောက်ပိုင်း အာကာသစခန်းတွင် ထောက်လှမ်းရေးဂြိုလ်တုတစ်ခုကို လွှတ်တင်ခဲ့ကြောင်း မြောက်ကိုရီးယား၏ တရား ဝင်သတင်းအေဂျင်စီက ပြောကြားခဲ့သည်။  သို့သော် အင်ဂျင်ပြဿနာတစ်ခုကြောင့် လွှတ်တင်ပြီးနောက် မကြာမီတွင် ပထမအဆင့် ပျံသန်းမှုအတွင်း ဒုံးပျံသည် ပေါက်ကွဲသွားကြောင်း KCNA မှ ပြောကြားခဲ့သည်။

        KCNA မှ အမည်မသိ အမျိုးသားအာကာသနည်းပညာ စီမံခန့်ခွဲရေး၏ လက်ထောက်ညွှန်ကြားရေးမှူးကို ကိုးကား၍ ပဏာမစစ်ဆေးမှုအရ ပေါက်ကွဲမှုသည် အသစ်တီထွင်ထားသော အောက်ဆီဂျင်အရည်-ရေနံအင်ဂျင်၏ လည်ပတ်မှုနှင့် စိတ်ချရကြောင်း ပြသခဲ့သည်ဟု ဆိုသည်။  အခြားဖြစ်နိုင်သော အကြောင်း ရင်းများကို စုံစမ်းစစ်ဆေးသွားမည်ဟု KCNA က ဆိုသည်။

       ဂျပန်အစိုးရသည် အိုကီနာဝါစီရင်စုတောင်ပိုင်းအတွက် ဒုံးကျည်သတိပေးချက်ကို တိုတိုတုတ်တုတ်ထုတ်ပြန်ခဲ့ပြီး အဆောက်အအုံများနှင့် အခြားဘေးကင်းသောနေရာများတွင် ခိုလှုံနေထိုင်ရန် တိုက်တွန်းထား သည်။  ယင်းဒေသသည် အန္တရာယ်မရှိတော့သော ကြောင့် နောက်ပိုင်းတွင် သတိပေးချက်ကို ရုတ်သိမ်းခဲ့ကြောင်း အစိုးရအဖွဲ့အတွင်းဝန် Yoshimasa Hayashi က ပြောကြားခဲ့သည်။

      မြောက်ကိုရီးယားသည် တနင်္လာနေ့အစောပိုင်းတွင် ကိုရီးယားကျွန်းဆွယ်နှင့် တရုတ်နိုင်ငံကြားရှိ ရေပြင်နှင့် အဓိကဖိလစ်ပိုင် Luzon ကျွန်းအရှေ့ဘက်တို့တွင် တနင်္လာနေ့မှ ဇွန်လ ၃ ရက်နေ့အထိ “ဂြိုလ်တု ဒုံးပျံတစ်စင်း” ပစ်လွှတ်မည့် အစီအစဉ်နှင့်ပတ်သက်၍ ဂျပန်ကမ်းရိုးတန်းစောင့်တပ်အား အကြောင်းကြားခဲ့သည်ဟုဆိုသည်။

      မြောက်ကိုရီးယားသည် ဂြိုလ်တုများလွှတ်တင်ခြင်းနှင့် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ပိုင်ခွင့်ရှိကြောင်း ခိုင်မြဲစွာထိန်းသိမ်းထားသည်။ ဂျပန်ကာကွယ်ရေးဝန်ကြီး Minoru Kihara က မြောက်ကိုရီးယား၏ပစ်လွှတ်မှုသည် “ကမ္ဘာတစ်ခုလုံးအတွက် ကြီးမားသောစိန်ခေါ်မှုတစ်ခု” ဟု ပြောကြားခဲ့သည်။  တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက မြောက်ကိုရီးယားမှ ဂြိုဟ်တုလွှတ်တင်ခြင်းသည် ကျွန်ုပ်တို့နှင့် ဒေသတွင်း လုံခြုံရေးကို ပြင်းထန်စွာ ခြိမ်းခြောက်သည့် ရန်စမှုဟု ခေါ်ဆိုခဲ့သည်။

      တနင်္လာနေ့အစောပိုင်းက ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ တရုတ်ဝန်ကြီးချုပ် Li Qiang တို့ သုံးနိုင်ငံတွေ့ဆုံမှုအတွင်း တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က မြောက်ကိုရီးယားအနေနှင့် ဒုံးကျည်ပစ်လွှတ်မည့် အစီအစဉ်ကို ဆက်လုပ်မယ်ဆိုရင် နိုင်ငံတကာက ပြင်းပြင်းထန်ထန် အရေးယူဖို့ တောင်းဆိုခဲ့ပါသည်။

       Li ၊ Yoon နှင့် Kishida တို့၏ ပူးတွဲကြေညာချက်ကို မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး “ပြည် တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုခြင်း” ပြောဆိုခဲ့သည်။  ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းဆောင် သုံးဦးက သူတို့၏ လက်ရှိရပ်တည်ချက်များကို ပြန်လည်အလေး ပေးပြောကြားခဲ့သည့် ပူးတွဲကြေညာချက်၏ အစိတ် အပိုင်းများကို ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

       မြောက်ကိုရီးယားသည် အဆိုပါထုတ်ပြန်ချက်အတွက် အဓိကတာဝန်ရှိသည်ဟု စွပ်စွဲခံထားရသည့် တောင်ကိုရီးယားအပေါ် ဝေဖန်မှုများစွာကို အာရုံစိုက်နေသော်လည်း တရုတ်နိုင်ငံက လက်မှတ်ရေးထိုးထားသည့် ကြေညာချက်ကို ပြစ်တင်ဝေဖန်ရန် မြောက်ကိုရီးယားအတွက် အလွန်ရှားပါးနေသေးသည်။

      တနင်္လာနေ့ ၁၀ နာရီ ၄၄ မိနစ်တွင် မြောက်ကိုရီးယား၏ အဓိက အာကာသစခန်းမှ လွှတ်တင်သည့် ထောက်လှမ်းရေးဂြိုလ်တု ပစ်လွှတ်သည့် လမ်း ကြောင်းကို တွေ့ရှိခဲ့ပြီး နောက်လေးမိနစ်အကြာတွင် ရေထဲတွင် အပိုင်းအစများစွာကို တွေ့ရှိခဲ့သည်ဟု တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များက တနင်္လာနေ့တွင် ပြောကြားခဲ့သည်ဟု Politico သတင်းတွင် ဖော်ပြထားသည်။

#PAN