စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းသားသမီးများကို ပညာသင်ထောက်ပံ့ကြေး သိန်း ၆၀၀ ကျော်ပေး


(ပညာရေး) မေ ၂၇

စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် ကျောင်းသား ကျောင်းသူစုစုပေါင်း ၅၃၁၇ ဦးအတွက် ပညာသင် ထောက်ပံ့ကြေး ငွေကျပ် ၆၁၅၈၅၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာနရုံး အမှတ် (၆)ရှိ ရတနာခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဝန်ထမ်းများအနေဖြင့် သားသမီးများအတွက် ပညာအမွေပေးနေခြင်းကိုဌာနအနေဖြင့် ကူညီပံ့ပိုးပေးခြင်းပင် ဖြစ်ပါကြောင်း၊ ပညာသင်ယူ တတ်မြောက် မှသာ အသိပညာ၊ ဗဟုသုတပြည့်စုံ၍ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ပညာရှိမည်ဖြစ်သည့်အတွက် ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းဖြစ် ပါကြောင်း၊ “မိဘဆရာ ပူးပေါင်း ကလေးပညာကောင်း” ဆိုသော စကားရပ်နှင့်အညီ ကလေးများ ကျောင်းတက်မှန်ရေး၊ စစ်ဆေးအကဲဖြတ်ပေးရေးကိစ္စများကို မိဘများကလည်း ဆရာများနှင့် ပူးပေါင်း၍ ဗလငါးတန် ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူ များအနေဖြင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံတော်ကို အလုပ်အကျွေးပြုမည့် လူရည်ချွန်၊ လူရည်မွန်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်လာကြစေရန် ကြိုးစားစေလိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်များက ကျောင်းသား ကျောင်းသူသားငယ် သမီးငယ်များကို ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးငွေများ ပေးအပ်သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ