ချောင်းဦးမြို့ပေါ်တွင် ကျောင်းအပ်သွားနေသော အုပ်ထိန်းသူမိဘများနှင့် ကျောင်သား/သူများကို အကြမ်းဖက် PDF အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်


(ပြည်တွင်း) မေ ၂၈

ယနေ့ နံနက်ပိုင်းအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့တွင် ကျောင်းအပ်ရန်သွားသည့် ကလေးငယ်နှင့် အုပ်ထိန်းသူမိဘမိသားစုဝင်များကို အကြမ်းဖက် PDF အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ချောင်းဦးမြို့ပေါ်ရှိ အကြမ်းဖက် PDF အဖွဲ့များက ကျောင်းအပ်သွားရောက်သည့် ကလေးငယ် ၂ ဦးနှင့် အုပ်ထိန်းသူမိသားစုဝင်များအား ချောင်းမြောင်း၍ မိုင်းဆွဲတိုက်ခိုက်မှု ကြောင့် အသက် ၁၄ နှစ်ရွယ် ကလေးငယ် ၁ ဦး၊ အသက် ၇ နှစ် အရွယ် ကလေးငယ် ၁ ဦးနှင့် ကလေး၏မိခင်အပါအဝင် အသက် ၇၀ အရွယ်အဖိုးအို ၁ ဦး စုစုပေါင်း ၄ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းစထိမှန် ဒဏ်ရာရရှိသူများမှာ ဆေးဝါးကုသမှုခံယူနေလျက်ရှိပြီး၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ နောက်ဆက်တွဲအခြေအနေများကို ဆက်လက်လုပ်ဆောင်နေကြကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ