ကမ္ဘာ့အမွေအနှစ် ပုဂံဒေသတွင် မြေယာဝယ်ယူမည်ဆိုပါက မှားယွင်းမှုမရှိစေရေး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲသို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ဟုဆို


(ပြည်တွင်း) မေ ၂၈

ကမ္ဘာ့အမွေအနှစ် ပုဂံဒေသတွင် မြေယာဝယ်ယူမည်ဆိုပါက ဝယ်ယူသူနှင့် လုပ်ငန်းဆောင်ရွက်သူ ကာယကံရှင်များ ငွေကြေးဆိုင်ရာ ဆုံးရှုးနစ်နာမှုရှိနိုင်သဖြင့် မှားယွင်းမှုမရှိစေရေးအတွက် ဝယ်ယူမှုမပြုခင် ရှေးဟောင်းအမွေအနှစ်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲသို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။

ကမ္ဘာ့အမွေအနှစ် ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ် ဒေသများ တည်ရှိရာဒေသ (Property Area) ၁၂၃၄၂ ဒသမ ၂၉ ဧကနှင့် ကြားခံဒေသ (Buffer Area) ၄၄၃၄၆ ဒသမ ၂၉ ဧက စုစုပေါင်း ၅၆၆၈၉ ဒသမ ၂၁ ဧကအတွင်းတွင် ညောင်ဦးမြို၊ ပုဂံမြို စသည့် မြိုနှစ်မြိုနှင့် ကျေးရွာပေါင်း ၄၁ ရွာ ပါဝင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲမှ ထုတ်ပြန်ထားသည်။

ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ ဒေသအတွင်း ရှေးဟောင်းအဆောက်အအုံပေါင်း ၃၅၉၅ ဆူ၊ ကြားခံဒေသအတွင်း ၂၄၂ ဆူ စုစုပေါင်း ၃၈၃၇ ဆူ ပုဂံဌာနခွဲမှ ထိန်းသိမ်းထားပြီး ထိုသို ထိန်းသိမ်းခြင်းအားဖြင့် ယဉ်ကျေးမှုအမွေအနှစ်သည် နိုင်ငံတစ်နိုင်ငံရှိ လူမျိုးတစ်မျိုးစီတိုင်း၏ အရည်အသွေး၊ တန်ဖိုးနှင့် ဂုဏ်သိက္ခာ ဖြစ်သည်။

ထိုကြောင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည့် သမိုင်းတန်ဖိုးကိုသိပြီး အမွေအနှစ်များကို တန်ဖိုးထားသတ်မှတ်မှသာလျှင် နိုင်ငံနှင့် လူမျိုးကို ပိုမိုတန်ဖိုးထား ချစ်မြတ်နိုးနိုင်မည်ဖြစ်၍ ရိုးရာယဉ်ကျေးမှုတန်ဖိုး ပျက်စီးပျောက်ကွယ် မသွားစေရန်အတွက် ယဉ်ကျေးမှုအမွေအနှစ်ကို ကာကွယ်ထိန်းသိမ်းရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ များပြားကာ ၎င်းအဆောက်အအုံများနှင့် တွဲလျက်ရှိသော မြေယာရှုခင်းများနှင့် မြေယာထွန်ယက်စိုက်ပျိုးခြင်း ဓလေ့သည်လည်း လှပသော အမွေအနှစ်ပင်ဖြစ်၍ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း လယ်ယာမြေအခြားနည်း သုံးစွဲခွင့်နှင့် ဂရန်ထုတ်ပေးခြင်းများနှင့် ပတ်သက်၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၌ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၈ ရက်တွင် ပြုလုပ်သည့် ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (BAGANCOM) ပဉ္စမအကြိမ် အစည်းအဝေးတွင် “ပုဂံ ယဉ်ကျေးမှုဒေသအတွင်း စက်မှုစီးပွားမြေငှားဂရန် ပြောင်းလဲထုတ်ပေးခြင်း၊ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်နှင့် ထုတ်ပေးခြင်းများ ထိန်းချုပ်ကန့်သတ်ရန်နှင့် ဇုန်ပြင်ပတွင်သာ ခွင့်ပြုရန်” ဟု ဆုံးဖြတ်ခဲ့ကြကြောင်းလည်း ပါရှိသည်။

ကမ္ဘာ့အမွေအနှစ်ပုဂံဒေသတွင် သတ်မှတ်ထားသော မြိုပြလူနေထိုင်ရာ ဧရိယာပြင်ပရှိ ယာမြေကွက်၊ မြေလွတ်မြေလပ်ကွက်များသည် လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် ထုတ်ပေးမရသော နေရာများဖြစ်သဖြင့် မြေကွက်များ၊ ယာမြေကွက်များကို ဝယ်ယူ၍ အခြားနည်းအသုံးပြု လိုသူများ၊ လူနေအဆောက်အအုံများ၊ သာသနိကအဆောက်အအုံများ၊ ဈေးဆိုင်ခန်းများ ဆောက်လုပ်လိုသူများသည် လုပ်ငန်းဆောင်ရွက် ခွင့်မရနိုင်သောကြောင့် ဝယ်ယူသူနှင့် လုပ်ငန်းဆောင်ရွက်သူ ကာယကံရှင်များ ငွေကြေးဆိုင်ရာ ဆုံးရှုးနစ်နာမှုရှိနိုင်ကြောင်း ပါရှိသည်။

ထိုပြင် ပုဂံဒေသ ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေးမူဘောင် (၅.၂) တွင် “ကမ္ဘာ့အမွေအနှစ်ဇုန်အတွင်းရှိ မြိုပြဧရိယာများသည် အပြည့်အဝကာကွယ်ရန် လိုအပ်ပြီး ဖွံဖြိုးရေးလုပ်ငန်းများကို အကန့်အသတ်ဖြင့် အသုံးပြုနိုင်ကြောင်း၊ အဆောက်အအုံ မဆောက်ရသေးသည့် နေရာများသည် ယခုအတိုင်းထားရှိပြီး မည်သည့် ဆောက်လုပ်ရေးလုပ်ငန်း ကိုမျှ ဆောက်လုပ်ခွင့်မပြုကြောင်းနှင့် အမွေအနှစ်ဇုန်အတွင်းရှိ မြေယာရှုခင်းဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာရပါမည်” ဟု ဖော်ပြပါရှိသည်။

ထိုကြောင့် မြေယာဝယ်ယူမည်ဆိုပါက မှားယွင်းမှုမရှိစေရေးအတွက် ဝယ်ယူမှုမပြုခင် ရှေးဟောင်းအမွေအနှစ်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲသို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း အသိပေးထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ