MNL League Cup 2024 ဗိုလ်လုပွဲမှာ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို တွေ့ဆုံနေ


(အားကစား) မေ ၂၇

MNL League Cup 2024 ဗိုလ်လုပွဲမှာ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို တွေ့ဆုံနေ


(ပြည်တွင်း) မေ ၂၇

MNL League Cup 2024 ဗိုလ်လုပွဲမှာ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၆ ရက် ညနေပိုင်းက နောက်ဆုံးဗိုလ်ပွဲအတွက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်း နှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် ရှမ်းယူနိုက်တက်က ပြိုင်ဘက်ဒဂုံစတားယူနိုက်တက်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်သွားခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်မှာ ဒဂုံယူနိုက်တက်အသင်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ ဒုတိယပိုင်း ပွဲစဉ်ပြီးရန် ၁၀ မိနစ်ခန့်အလိုမှာ ရှမ်းယူနိုက်တက်အသင်းက ပြစ်ဒဏ်ဘောနဲ့ ချေပဂိုးတစ်ဂိုး သွင်းယူခဲ့ကာ ဒုတိယပိုင်း ပွဲစဉ်ပြီးဆုံးခဲ့ပါတယ်။

ပွဲချိန်အတွင်း သရေကျခဲ့တဲ့အတွက် မိနစ် ၄၀ အချိန်ပိုကစားခဲ့ကြပြီးနောက် ရှမ်းယူနိုက်တက်အသင်းက တစ်ဂိုးထပ်မံသွင်းယူကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ရခြင်းဖြစ်ပါတယ်။

ဗိုလ်လုပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့လည်း မေလ ၂၅ ရက်က ရတနာပုံ ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

MNL League Cup 2024 ဘောလုံးပြိုင်ပွဲမှာ မကြာမီရက်ပိုင်းအတွင်း ကျင်းပပြုလုပ်မယ့် ရာသီပိတ်ဗိုလ်လုပွဲစဉ်နှင့်အတူ ပြီးဆုံးတော့မှာ ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေနဲ့ ဗိုလ်လုပွဲစဉ် ကျင်းပမယ့်ရက်ကို အသိပေးကြေညာခြင်းတော့ မရှိသေးပါဘူး။

Telegram>>…
https://t.me/positiveanglenews

PAN

SZ