သဘာဝဘေးကျရောက်လာပါက ကူညီကယ်ဆယ်ရန် လူအင်အား ၃,၀၀၀ ကျော် အသင့်ပြင်ထား


(ပြည်တွင်း) မေ ၂၇

သဘာဝဘေးကျရောက်လာပါက ကူညီကယ်ဆယ်ရန် လူအင်အား ၃,၀၀၀ ကျော် အသင့်ပြင်ထား


(ပြည်တွင်း) မေ ၂၇

ရန်ကုန်တိုင်းဒေသကြီးမှာ သဘာဝဘေးအန္တရာယ်ကျရောက်လာရင် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ယာဉ်ယန္တရားတွေနဲ့ လူအင်အား ၃,၀၅၆ ယောက်
အသင့်ပြင်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်။

သဘာဝဘေးကူညီကယ်ဆယ်ရေးအတွက် မြေသယ်ယာဉ် အစီး ၂၁၀၊ ၁၂ ဘီးယာဉ် ၅ စီး၊ Loader (ဝန်ချီစက်) ၁၂ စီး၊ မြေတူးစက် ၆ စီး၊ ဒိုဇာ ၂ စီး၊ ကရိန်း ၁၄ စီး၊ YCDCက ရေသယ်ယာဉ် ၂၅ စီး၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအထောက်အကူပြုယာဉ် ၆၂ စီး၊ မီးသတ်ယာဉ် ၃၀၈ စီး၊ ဆီဘောက်ဆာ ၂ စီး အသင့်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

လူနဲ့ယာဉ်ယန္တရားတွေ အသင့်ပြင်ဆင်စုဖွဲထားမှုကိုလည်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်လ်”ဟာ မြန်မာနိုင်ငံကို ဦးတည်ရွေ့လျားမယ့်အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့် သတ်မှတ် ထားပေမယ့် အဆိုပါ မုန်တိုင်းရဲ့ အရှိန်ကြောင့် မေလ၂၆ရက်ကနေ ၂၇ရက်အတွင်း ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တိုကလွဲပြီး ရန်ကုန်၊ မန္တလေးတိုင်ဒေသကြီးအပါအဝင် ကျန်တဲ့တိုင်းဒေသကြီး တွေနဲ့ ပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး တချိုနေရာတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီးမိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ