သထုံမြို့၊ နန်းခံအုပ်ချုပ်ရေးမှူးရုံး အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲခြင်းခံရ


(အကြမ်းဖက်မှု) မေ ၂၇

မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ ဘူတာလမ်းရှိ၊ နန်းခဲရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး အား အကြမ်းဖက်အဖွဲ့က ယနေ့ နံနက် ၃ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မိုင်းထောင်ဖောက်ခွဲခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ မိုင်း ခွဲခံရမှုကြောင့် အုပ်ချုပ်ရေးမှူး ရုံး ဆောက်အဦးအုတ်နံရံများပျက်ဆီးခြင်း၊ မျက်နှာကျက်၊ အမိုးသွပ်များထိခိုက်ပျက်ဆီးခဲ့ကြောင်းသိရပြီး ကာလတန်ဖိုး ကျပ်သိန်း ၃၅ ခန့် ပျက်ဆီးဆုံရှုံးခဲ့ကြောင်း၊ ထို့အတူ လမ်း၏ တစ်ဖက်ခြမ်း၊ ကိုက် ၅၀ ခန့်အကွာရှိ ဦးသန်းထွန်းလေး၏နေအိမ် သွပ်မိုး/အုတ်ကာ ၂ ထပ်တိုက်၏ အိမ်ရှေ့ ပြတင်းတံခါးမှန်များနှင့် မျက်နှာချပ်များ ထိခိုက်ပျက်ဆီးခဲ့ရာ ကာလတန်ဖိုး ၅ သိန်းကျပ်ခန့် နှင့် ဦးသန်းလှိုင်၏နေအိမ် သွပ်မိုး/အုတ်ကာ ၂ ထပ်တိုက်၏ အိမ်ရှေ့ပြတင်းတံခါးမှန်များထိခိုက်ပျက်ဆီးရာ ကာလတန်ဖိုး ၃ သိန်းကျပ်ခန့် စုစုပေါင်းကျပ် ၄၃ သိန်းကျပ်ခန့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး လူ/တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်းသိရပြီး အကြမ်းဖက်သမား များဖမ်းဆီးရမိရေး တာဝန်ရှိသူများမှ ဆက်လက်ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ