ရန်ကုန်မှာ PDF ၈ ဦး အလင်းဝင်


(ပြည်တွင်း) မေ ၂၇

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDFအဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့လွှဲပြောင်းပေးအပ်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့ သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဒေါပုံမြို့ နယ်၊ သာကေတမြို့နယ်၊ သုံးခွမြို့ နယ်တို့မှ PDFအဖွဲ့ဝင်အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှ အမျိုးသား ၁ ဦး၊ စုစုပေါင်း ၈ ဦးတို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် PDF များအား တာဝန်ရှိသူများမှ ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး ထောက်ပံပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကြောင်း သိရသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်း ချက်များနှင့် အညီဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည် ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ