(ပြည်တွင်း) မေ ၂၇
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ လက်ဝဲမြင်းတိုင်ရပ်မှာရှိတဲ့ အလယ်နန်းရင်းက ပုပ္ပါးမယ်တော်နဲ့ သခင်မ သားနတ်ရုပ်တွေကို၊ မေ လ(၂၃)ရက်နေ့ညက ခိုးယူခံလိုက်ရကြောင်း သိရှိရသည်။
ယခုလို ခိုးယူခံလိုက်ရတဲ့အတွက်အစားမ ထိုးရဲတာကြောင့်နတ်ရုပ်တွေ ပြန်မရရင်လည်းနတ်ပွဲကို ဒီအတိုင်းကျင်းပသွားမယ်လို့၊ နန်းထိန်းကိုမင်းက ပြောကြားကြောင်း သိရပါတယ်။ “(၂၃)ရက်နေ့ညပိုင်းမှာမီး တွေကလည်းပျက်လိုက်လာလိုက်နဲ့ မိုးကလည်း အကြီးအကျယ်ရွာတယ်၊နန်းမှာကလည်း အစောင့်မထားဘူး မထားဘူးဆိုတာကလည်း ရပ်ကွက်အလယ်ခေါင်မှာလေ ဒီနန်းကြီးဆိုတာကဒီလိုတွေလည်းလုပ်လိမ့်မယ်လို့ ဘယ်သူကမှထင်မှတ် မထားဘူးပေါ့ မနက်(၅)နာရီခန့်လောက်မှာ နန်းမှာရှိတဲ့ တံခါးတခြမ်းကပွင့်နေပြီးတော့ အဲ့မှာခတ်ထားတဲ့ သော့နှစ်လုံးကလည်း ရိုက်ပြီးဖွင့်ထားတဲ့ ပုံစံ မဟုတ်ပဲ မူရင်းသော့နဲ့ဖွင့်ထားတဲ့ အနေအထားတွေ့ရတယ်ပြီးတော့ အထင်ကရနတ်ရုပ် ပုံတော်နှစ်ပါး ခိုးခံလိုက်ရတာ ရှေးဟောင်း မှောင်ခိုသမားတွေပဲ စနစ်တကျပြင်ဆင်ပြီးလုပ်သွားတယ်လို့ ကျနော်ထင်ပါတယ်”လို့ နန်းထိမ်းကိုမင်းက ပြောပါတယ်။
လာမယ့်နယုန်လဆန်း ၁၃၊ ၁၄ ရက်နေ့တွေမှာ ရိုးရာဖြစ်တဲ့ မယ်တော်ကြိုပွဲပြုလုပ်ဖို့ရှိနေပြီး ဝါခေါင်လပြည့်ကျော်(၇) ရက်နေ့ကနေ ဝါခေါင်လကွယ် နေ့ထိ ရတနာ့ဂူနတ်ပွဲကြီးနှစ်စဥ်ကျင်းပကြတာလို့လည်း သိရပါတယ်။
“လက်တလောတော့စုံစမ်းနေပါတယ် တကယ်လို့မှပွဲတော်ကာလရောက်သည်အထိ မယ်တော်တွေ ပြန်ကြွမလာဘူးဆိုရင်လည်း ကျင်းပရမှာပဲ ရောက်ရောက် မရောက်ရောက် အစားထိုးတာကတော့မလုပ်ရဲဘူးဗျ ရိုးရာအတိုင်းကျင်းပသွားမှာပါ”လို့ နန်းထိမ်း ကိုမင်းကပြော ပါတယ်။
ပျောက်ဆုံးနေတဲ့ နတ်ရုပ်ပုံတော်တွေနဲ့ပတ်သက်ပြီး ပြန်လာအပ်မယ်ဆိုရင်တရားစွဲဆိုမှုပြုလုပ်သွားမှာ မဟုတ်ပဲညှိနှိုင်း ဆောင်ရွက်ပြီး ကြည်ဖြူစွာ လက်ခံသွားမယ်လို့လည်း ၎င်းကဆက်လက်ပြောကြား ပါတယ်။
ပျောက်သွားတဲ့ ပုပ္ပါးမယ်တော်နတ်ရုပ်ဟာ အရွယ်အစား ၂ ပေရှိပြီး သခင်မ သားနတ်ရုပ် ပုံတော်ရဲ့အရွယ်အစားကတော့ ၁ ပေခွဲရှိတယ်လို့ သိရပါတယ်၊ ပျောက်ဆုံးသွားတဲ့ နတ်ရုပ်တွေနဲ့ ပတ်သက်ပြီး အမရပူရမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပြီး လတ်တလောမှာ ဆက်သွယ်ရှာဖွေမှုတွေပြုလုပ်နေတယ်လို့ အလယ်နန်းရင်း ကိုထိန်းသိမ်းစောင့်ရှောက်သူ ကိုမင်းက ပြောပါတယ်။
Telegram>>…
https://t.me/positiveanglenews