တောင်ကိုရီးယားက L-SAM စနစ်ကို ဖန်တီးထုတ်လုပ်မှု အပြီးသတ်နိုင်ပြီဟု ဆို


(နိုင်ငံတကာ) မေ ၂၇

တောင်ကိုရီးယားက L-SAM စနစ်ကို ဖန်တီးထုတ်လုပ်မှု အပြီးသတ်နိုင်ပြီဟု ဆို


(နိုင်ငံတကာ) မေ ၂၇

တောင်ကိုရီးယားနိုင်ငံက တာဝေးသုံး မြေပြင်မှဝေဟင်ပစ်ဒုံးကျည် (L-SAM) စနစ်ကို ဖန်တီးထုတ်လုပ်မှု အပြီးသတ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို ဒုံးကျည်စနစ်ကို ကိုယ့်နည်းပညာနှင့်ကိုယ် ထုတ်လုပ်နိုင်ခြင်း က တပ်မတော်၏လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်များကို ပိုမိုမြှင့်တင်နိုင်စေရေးအတွက် အရေးကြီးသော ခြေလှမ်း တစ်ရပ်ဖြစ်ကြောင်း လက်နက်ဝယ်ယူရေးအေဂျင်စီ က မေလ ၂၅ တွင် ပြောသည်။

အဆိုပါ ဒုံးကျည်စနစ်သည် မြေပြင်အမြင့် ၅၀ ကီလိုမီတာမှ ၆၀ ကီလိုမီတာအတွင်း ဝင်ရောက်လာသည့် ပစ်မှတ်များကို ပစ်ချရန် ပညာရှင်များက ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။

ယခုအခါ ထိုဒုံးကျည်စနစ်သည် တပ်မတော်က သတ်မှတ်ထားသော လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသည့်အတွက် တိုက်ပွဲဝင်အသုံးပြုရန် သင့်လျော်ကြောင်း မကြာသေးခင်ကမှ သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

L-SAM စနစ်ကို ဖန်တီးမှုအပြီးသတ်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် ထုတ်လုပ်ရေးလုပ်ငန်းများကို လာမည့်နှစ်တွင် စတင်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၈ ခုနှစ်တွင် တပ်မတော်အတွင်း ဖြန့်ကြက်သွားမည် ဖြစ်သည်။

ထို့ပြင် L-SAM စနစ်ကို ဖြန့်ကြက်ပြီးသည်နှင့် တပြိုင်နက် ကိုရီးယားလေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်ဟု ခေါ်သော အလွှာပေါင်းစုံဒုံးကျည်ကာကွယ်ရေးစနစ်တွင် အဓိကကျသော အခန်းကဏ္ဍမှပါဝင်လာမည် ဖြစ်သည်။

လက်ရှိတွင် တောင်ကိုရီးယားတပ်မတော်သည် တာနီးနှင့် တာလတ် လေကြောင်းရန်ကာကွယ်ရေး အတွက် ပြည်တွင်းဖြစ် တာလတ်သုံး မြေပြင်မှဝေဟင်ပစ်ဒုံးကျည်စနစ်နှင့် အမေရိကန်ထုတ် ပတ်ထရီးယော့ ဒုံးကျည် ကာကွယ်ရေးစနစ်ကိုသာ အသုံးပြုနေရသည်။ တာဝေးပစ်အတွက်ဆိုပါက အမေရိကန်ထုတ် THAAD လေကြောင်း ရန် ကာကွယ်ရေးစနစ်အပေါ်ကိုသာ အားကိုးနေရ သေးကြောင်း Yonhap သတင်းဌာနဖော်ပြချက်အရ သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ