တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ ဆောင်ရွက်သည့် Facebook Pageများနှင့် အင်တာနက်စာမျက်နှာ ၁၆ ခုမှ ပါဝင်ပတ်သက်သူများကို အရေးယူ


(ပြည်တွင်း) မေ ၂၇

တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ ဆောင်ရွက်သည့် Facebook Pageများနှင့် အင်တာနက်စာမျက်နှာ ၁၆ ခုမှ ပါဝင်ပတ်သက်သူများကို အရေးယူ


(ပြည်တွင်း) မေ ၂၇

တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ နိုင်ငံခြားသုံးငွေ ရောင်းချ၊ ဝယ်ယူ၊ လဲလှယ်တာတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ Facebook Page တွေနဲ့ အင်တာနက်စာမျက်နှာ စုစုပေါင်း ၁၆ ခုမှာ ပါဝင်ပတ်သက် ရောင်းဝယ်နေသူတွေကို အရေးယူထားပြီးဖြစ်တယ်လို့ ဗဟိုဘဏ် က မေလ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အခုအရေးယူလိုက်တဲ့ Facebook Page တွေနဲ့ အင်တာနက်စာမျက်နှာတွေကတော့ ငွေဈေးနှုန်းနှင့် ငွေလွှဆိုင်၊ Moe Latt ၊ Si Thu & broများ၊ ရန်ကုန်ငွေဈေး၊ ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange၊ ဒေါ်လာရောင်းဝယ်၊ December Snow၊ June Lin Thet Naing၊ Thet Yan Money Exchange၊ Global Value Services-GVS Money Exchange & Transfer၊ Boss Online Money Exchange Services (Family Money Exchange)၊ Lucky Sky Gold Smith၊ Nay Myo Htet၊ Gold Market Myanmar၊ Ye Mon၊ Naing Lu တို့ဖြစ်ပါတယ်။

အဆိုပါ Facebook Page တွေနဲ့ အင်တာနက်စာမျက်နှာတွေမှာ တရားမဝင်နိုင်ငံခြားငွေ ရောင်းဝယ်ပြီး ငွေဈေးကစားနေသူများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈၊ ၄၂ တို့အပြင် အများပြည်သူအကျိုးကို ထိခိုက်စေတဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မတွေနဲ့ပါ ထပ်မံအရေးယူသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်ပကအရောင်းအဝယ် ဆောင်ရွက်နေတဲ့ Page တွေ၊ ဖုန်းနံပါတ်တွေကိုလည်း သက်ဆိုင်ရာ ဗဟိုဘဏ်တွေကိုအကြောင်းကြားပြီး အရေးယူဆောင်ရွက်ဖို့ ညှိနှိင်းနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ