တတိယ ကမ္ဘာစစ်အတွက် စကားဦးသန်းသည့် NATO အကြီးအကဲ၏စကားကို အီတလီ ပြင်းပြင်းထန်ထန် ကန့်ကွက်


(နိုင်ငံတကာ) မေ ၂၇

တတိယ ကမ္ဘာစစ်အတွက် စကားဦးသန်းသည့် NATO အကြီးအကဲ၏စကားကို အီတလီ ပြင်းပြင်းထန်ထန် ကန့်ကွက်


(နိုင်ငံတကာ) မေ ၂၇

တတိယကမ္ဘာစစ်အတွက် စကားဦးသန်းသည့် NATO အတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့ ၏ စကားကို အီတလီအစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြောင်း သိရသည်။

အနောက်နိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများဖြင့် ရုရှားနိုင်ငံအတွင်း မတိုက်ခိုက်ရ ဟူသောကန့်သတ်ချက်ကို ရုပ်သိမ်းပေးသင့်ကြောင်း NATO အတွင်းရေးမှူးချုပ် က ပြောထားခြင်းဖြစ်သည်။

အီတလီအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်သည် တစ်ဦးတလေသော်မျှ စေလွှတ်သွားမည်မဟုတ်ကြောင်းနှင့် ယူကရိန်းသို့ ထောက်ပံ့ပေးသော စစ်လက်နက်ပစ္စည်း များကိုလည်း ယင်းနိုင်ငံအတွင်း၌သာ အသုံးပြုသင့်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုတာဂျာနီ က ပြောသည်။

ထို့ပြင် အီတလီနိုင်ငံသည် ငြိမ်းချမ်းရေးအတွက်သာ အမြဲတမ်းအလုပ်လုပ်မည်ဖြစ်ကြောင်းနှင့် လေသံတင်းမာမှုများကိုလည်း လျှော့ချမည်ဖြစ်ကြောင်း၊ အီတလီ က NATO အဖွဲ့ဝင်ဖြစ်သည့် တိုင်အောင် ဆုံးဖြတ်ချက် မှန်သမျှကို စုပေါင်းသဘောတူမှုဖြင့်သာ ချမှတ်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ အီတလီ ဒုတိယဝန်ကြီးချုပ် ကလည်း တတိယကမ္ဘာစစ်နှင့် ပတ်သက်၍ မည်သူမျှ စကားဦးမသန်းသင့်ကြောင်း ပြောထားသည်။ အီတလီနိုင်ငံ က မည်သည့်နိုင်ငံနှင့်မျှ စစ်ဖြစ်မည့် နိုင်ငံ မဟုတ်ကြောင်း၊ ယူကရိန်းသို့ စစ်လက်နက်ပစ္စည်း များ ထောက်ပံ့ပေးရမည့် အခွင့်အရေးရှိသော်လည်း ထိုလက်နက်များဖြင့် ရုရှားနိုင်ငံအတွင်းသို့ တိုက်ခိုက်မှု မရှိစေရေး ပိတ်ပင်မှုကို ဖြေလျှော့ ပေးသင့်ခြင်းဆိုခြင်းမှာ မပြောသင့်သည့် စကားပင်ဖြစ်ကြောင်း ၎င်းက ဆက်ပြောထားသည်။

အနောက်နိုင်ငံများက ယူကရိန်းသို့ တာဝေးပစ်လက်နက်များပင် ထောက်ပံ့ပေးထားပြီး ထိုလက်နက်များ ဖြင့် ရုရှားနိုင်ငံအတွင်းပိုင်းသို့ တိုက်ခိုက်ခွင့်ပေးရန် NATO အတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့ က အစောပိုင်းတွင် တိုက်တွန်းပေးထားခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဆွဇ်ဇာလန်နိုင်ငံ၌ ကျင်းပသည့် ယူကရိန်းအရေး ငြိမ်းချမ်းရေးညီလာခံဟူသော အခမ်းအနားကို တက်ရောက်သူများအနေဖြင့် ယန်စတိုတန်ဘာ့၏ ပြောစကားများ ကို သတိပြုသင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ က ပြောသည်ဟု Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ