ကျန်းမာရေး အတွက်ကောင်းပြီး ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်တဲ့ အသီးဖျော်ရည်တွေ


(ကျန်းမာရေး) မေ ၂၇

ကျန်းမာရေး အတွက်ကောင်းပြီး ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်တဲ့ အသီးဖျော်ရည်တွေ


(ကျန်းမာရေး) မေ ၂၇

မုန်လာဥနီဖျော်ရည်က မျက်လုံးအားကောင်းစေပြီ အကြောတက်တာကိုပါ သက်သာစေနိုင်ပါတယ်။ ဗိုက်ပြည့်လွယ်တာကြောင့် ညဘက်တွေမှာ သောက်သုံးသင့်ပါတယ်။

အချိုကိုတော့ပါတယ်ဆိုရုံပဲ ထည့်သင့်ပါ တယ်။ သခွားသီးဖျော်ရည်က ကိုယ်အလေးချိန်ကို ထိန်းပေးတဲ့အပြင် အသားအရေကိုပါ ကောင်းမွန်စေနိုင်ပါ တယ်။ တစ်နေ့ ၂ ခွက် ပုံမှန်သောက်ပေးပါ။


ဟင်းနုနွယ်ကို သတ္တုရည်အဖြစ် ပြောင်းသောက်လိုက်တဲ့အခါ ဝမ်းကို မှန်စေပါတယ်။ အရေပြား ပြဿနာကိုလည်း သက်သာစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်သလို မျက်စိကိုလည်း ကြည်လင်စေ ပါတယ်။

ခရမ်းချဉ်သီးဖျော်ရည်ဟာ အရသာရှိပြီး သောက်လို့ကောင်းတဲ့ ဖျော်ရည်မျိုးဖြစ်ပါတယ်။ ကိုယ်အလေးချိန် အတွက်ဆိုရင်တော့ အချိုကို လျှော့ထည့်ပါ။

ဂေါ်ဖီထုပ်ကို ဖျော်ရည်လုပ်သောက်ဖို့ဆိုတာ အဆန်းတော့ဖြစ်နေမှာပါ။ ဒါပေမယ့် အဆီကျချင်တယ် ဆိုရင်တော့ ဒီနည်းကသင့်တော်ပါတယ်။ ဂေါ်ဖီထုပ်ကို ဟင်းရည်အဖြစ် ချက်သောက် ရင်လည်း ရပါတယ်။

အသက်ရှည်ဆေးလို့တောင် ပြောကြတဲ့တရုတ်နံနံပင်ကို အရည်ကြိတ် သောက်ပေးရင်တော့ သွေးထဲက အဆီဓာတ်ကိုပါ ဖယ်ရှားပေးမှာဖြစ်ပါတယ်။ အနံ့ကတော့ နည်းနည်းသည်းခံရပါလိမ့်မယ်။

Website>>…
https://positiveanglenews.com/2024/05/08/ရုရှားလက်နက်ကြီးတိုက်ခ/

Telegram>>…
https://t.me/positiveanglenews

PAN

SZ