Crypto ငွေကြေးများ ရောင်းဝယ်လျှင် အရေးယူမည်


(ပြည်တွင်း) မေ ၂၆

Crypto ငွေကြေးများ ရောင်းဝယ်လျှင် အရေးယူမည်


(ပြည်တွင်း) မေ ၂၆

Crypto ငွေကြေးတွေ ရောင်းဝယ်ရင် ငွေစာရင်း ပိတ်သိမ်းတာအပြင် ဥပဒေနဲ့အညီ အရေးယူသွားမှာ ဖြစ်တယ်လို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မေလ ၂၄ ရက်က အသိပေးကြေညာထားပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၄၀(င)နဲ့ ပုဒ်မ ၆၂ တို့အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ ပြည်တွင်းသုံးငွေကို တစ်ယောက်တည်း ထုတ်ဝေသူနဲ့ စီမံခန့်ခွဲသူဖြစ်တယ်လို့ ဆိုပါတယ်။

Digital ငွေကြေးတွေ ဖြစ်တဲ့ Cryptocurrency Bitcoin (BTC)၊ Litecoin (LTC)၊ Ethereum (ETH) နဲ့ Perfect Money (PM) စတာတွေ ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားတာ မရှိသလို ရောင်း/ဝယ် လဲလှယ်တာတွေ ဆောင်ရွက်ဖို့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေကို ခွင့်ပြုထား တာမရှိကြောင်းနဲ့ Digital ငွေကြေးတွေကို ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် အကောင့်တွေနဲ့ Web Page တွေ အသုံးပြုပြီး ရောင်းဝယ်တာ၊ လဲလှယ်တာ မပြုလုပ်ဖို့ ထုတ်ပြန်ထားပြီး ဖြစ်တယ်လို့လည်း ကြေညာချက်အရ သိရပါတယ်။

အခုအခါ နိုင်ငံတော်အတွင်း USDT အပါအဝင် တရားမဝင်ဒစ်ဂျစ်တယ်ငွေကြေးတွေကို ရောင်းဝယ် လဲလှယ်တာနဲ့ USDT အသုံးပြုပြီး ဟွန်ဒီလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း တွေ့ရှိရပြီး အဲဒီလို ဆောင်ရွက်သူတွေကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေတို့ပါ ပြဋ္ဌာန်းချက်တွေ နဲ့အညီ ငွေစာရင်း ပိတ်သိမ်းတာ၊ တရားစွဲအရေးယူတာတွေ ဆောင်ရွက်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

အဲဒါကြောင့် ပြည်သူတွေအနေနဲ့ တားမြစ်ချက်တွေကို ပါဝင်ဆောင်ရွက်တာ မပြုလုပ်ဖို့နဲ့ ဖောက်ဖျက် ကျူးလွန်ကြောင်းတွေ့ရှိပါက ငွေစာရင်းတွေ ပိတ်သိမ်းတာအပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေ ငွေရေးကြေးရေး အဖွဲ့အစည်းဥပဒေတွေအရ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမှာ ဖြစ်တယ်လို့လည်း အသိပေးကြေညာ ထားပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ