အောင်လံမြို့နယ်တွင် အရပ်သားပြည်သူတစ်ဦးကို အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ပြီး ဆိုင်ကယ်နှင့် ရွှေငွေပစ္စည်းများ လုယက်ယူဆောင်


(အကြမ်းဖက်မှု)မေ ၂၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့ တောင်ဘက် (၂၈)မိုင်ခန့် အောင်လံမြို့နယ်၊ တောင်တီးကျေးရွာအုပ်စု၊ ကျားမွေး ကျေးရွာတွင် ယနေ့နံနက် ၇ နာရီခွဲအချိန်ခန့်က အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး ဆိုင်ကယ်နှင့် ရွှေငွေပစ္စည်းများ လုယက်ယူဆောင်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ သေဆုံးသူ ဦးတင်ဌေး၊ အသက် ၄၈ နှစ်၊ (ဘ)ဦးသောင်းစိန်သည် နေအိမ်၌ရှိနေစဉ် ပြောက်ကျားဝတ်စုံများ ဝတ်ဆင်ထားသည့် အကြမ်းဖက် အုပ်စု PDF အဖွဲ့ဝင် ၆ ဦးခန့်မှ မောင်းပြန်သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ရပြီး ၎င်းပိုင်ဆိုင်သော ဆိုင်ကယ် ၂ စီးနှင့် ရွှေငွေများအား ယူဆောင်သွားကာ ရွာ၏အရှေ့ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။

Webpage >>…

Telegram>>…
https://t.me/positiveanglenews

PAN

#ZN #SZ