လိုပယ်တယ်ဟီ ကို ဝက်စ်ဟမ်းအသင်း နည်းပြအဖြစ်ခန့်အပ်ခဲ့


(အားကစား) မေ ၂၆

လိုပယ်တယ်ဟီ ကို ဝက်စ်ဟမ်းအသင်း နည်းပြအဖြစ်ခန့်အပ်ခဲ့


(အားကစား) မေ ၂၆

ဝက်စ်ဟမ်းအသင်းသည် စကော့တလန်နည်းပြ ဒေးဗစ်မွိက်စ်နှင့် လမ်းခွဲခဲ့ပြီးနောက် ဝုလ်ဗ်နည်းပြဟောင်း လိုပယ်တယ်ဟီကို နည်းပြသစ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။

အသက် ၅၇ နှစ်အရွယ် နည်းပြသစ် လိုပယ်တယ်ဟီ ဟာ ဗယ်လက်ကာနို၊ ပေါ်တို၊ ရီးယဲလ်မက်ဒရစ်၊ ဆီဗီလာ၊ ဝုလ်ဗ် စတဲ့ ကလပ်အသင်းများစွာအပြင် စပိန်လက်ရွေးစင်အသင်းကိုပါ ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ဆီဗီလာ အသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းသည် လိုပယ်တယ်ဟီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် မေလဆန်းပိုင်းကတည်းက သဘောတူညီမှုရရှိထားခဲ့ခြင်းဖြစ်ပြီး ယခုအခါမှသာ တရားဝင်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။

ဝက်စ်ဟမ်း အသင်း နည်းပြသစ် လိုပယ်တယ်ဟီ က အသင်းကို ကိုင်တွယ်ခွင့်ရတဲ့အတွက် ပျော်ရွှင်ကြောင်း ပြောကြားခဲ့ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ