မကွေးတိုင်းဒေသကြီး၊ ကြည်မြင်တံတားရေကျော်အနီး တွင် တပ်မတော်ယာဥ်တစ်စီးအား အကြမ်းဖက် PDF အဖွဲ့မှ မိုင်ဆွဲတိုက်ခိုက်


(ကြမ်းဖက်မှု) မေ ၂၆

မကွေးတိုင်းဒေသကြီး၊ ကြည်မြင်တံတားရေကျော်အနီး တွင် တပ်မတော်ယာဥ်တစ်စီးအား အကြမ်းဖက် PDF အဖွဲ့မှ မိုင်ဆွဲတိုက်ခိုက်


(ကြမ်းဖက်မှု) မေ ၂၆

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သုံးဆယ့်ခြောက်ကျေးရွာအုပ်စု၊ ကြည့်မြင်(တ)ရွာ၊ ကြည်မြင်တံတားရေကျော်အနီး တွင် ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က တပ်မတော်ယာဥ် တစ်စီးအား အကြမ်းဖက် PDF အဖွဲ့မှ မိုင်ဆွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အမှတ် ၁၂၁ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ် မကွေးမှ၊ တပ်မတော်ယာဥ်သည် မကွေးမြို့နယ်ဘက်မှ ရေနံချောင်း မြို့ဘက်သို့ ဖြတ်သန်းသွား လာစဥ်၊ ရေနံချောင်းမြို့နယ်၊ သုံးဆယ့်ခြောက်ကျေး ရွာအုပ်စု၊ ကြည့်မြင်(တ) ရွာ၊ မကွေး၊ ရေနံချောင်း ၊ ချောက် ကား လမ်းဘေး မိုင်တိုင်အမှတ် (၃၆၆/၁)၊ ကြည်မြင်တံတားရေကျော်အနီး သို့အရောက်တွင် အကြမ်းဖက် PDF စိစစ်ဆဲမှ မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် အသုံပြုခဲ့သော Korea မှတ်တံဆိပ်အနက်ရောင် 12V Battery ၁လုံး၊ အရှည်ကိုက်၂၀၀ ခန့်ရှိ နှစ်ပင်လိမ် ၀ါယာကြိုး များအား သိမ်းဆီးခဲ့​ပြီး လူ၊ တံတား၊ ယာဥ်၊ အဆောက်အဦများ ဆုံးရှုံးထိခိုက်မှု မရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ