ဘိုလော့ဂ်နာအသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ နည်းပြ မော့တာ


(အားကစား) မေ ၂၆

ဘိုလော့ဂ်နာအသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ နည်းပြ မော့တာ


(အားကစား) မေ ၂၆

နည်းပြ မော့တာဟာ လက်ရှိကလပ် ဘိုလော့ဂ်နာအသင်းရဲ့ စာချုပ်သစ်ကို ငြင်းပယ်လိုက်တာကြောင့် မကြာခင်မှာ အသင်းနဲ့လမ်းခွဲဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အသက် ၄၁ နှစ်အရွယ် မော့တာဟာ ဘိုလော့ဂ်နာ အသင်းကို တာဝန်ယူခဲ့တဲ့ ဒုတိယမြောက်ရာသီမှာပဲ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် ဦးဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း မော့တာကို ဥရောပထိပ်တန်းအသင်းတွေက ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး ဘိုလော့ဂ်နာ အသင်းကလည်း သူတို့ရဲ့နည်းပြကို စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ မော့တာ ဘက်က စာချုပ်သစ်ကို ငြင်းပယ်လိုက်တာကြောင့် ဘိုလော့ဂ်နာ အသင်းအနေနဲ့ နည်းပြသစ်ကို ရှာဖွေရဖို့ ရှိနေပါတယ်။ တစ်ဖက်မှာလည်း နည်းပြ အယ်လီဂရီကို ထုတ်ပယ်ထားတဲ့ ဂျူဗင်တပ်အသင်းက မော့တာကို ခေါ်ဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပြီး မကြာခင်မှာ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ ရှိနေတယ်လို့သတင်းတွေ ထွက်ပေါ်နေပါတယ်။

မော့တာ ဘက်ကလည်း ဂျူဗင်တပ်အသင်းရဲ့ ကမ်းလှမ်းမှုကို မျှော်လင့်နေတာကြောင့် ဘိုလော့ဂ်နာအသင်းရဲ့ စာချုပ်သစ်ကို ငြင်းပယ်လိုက်တာဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ