နည်းပြအမြန်ဆုံးခန့်အပ်ဖို့ စီစဉ်နေ့တဲ့ ချဲလ်ဆီးအသင်း


(အားကစား) မေ ၂၆

နည်းပြအမြန်ဆုံးခန့်အပ်ဖို့ စီစဉ်နေ့တဲ့ ချဲလ်ဆီးအသင်း


(အားကစား) မေ ၂၆

ချဲလ်ဆီးအသင်းသည် နည်းပြသစ်ကို အမြန်ဆုံးခန့်အပ်ရန် စီစဉ်နေကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းမှာ ချဲလ်ဆီးအသင်းနည်းပြ ပိုချက်တီနို ဟာ အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ချဲလ်ဆီးအသင်းက နည်းပြသစ် အမြန်ဆုံးအစားထိုးခန့်အပ်နိုင်ရန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက လက်ရှိအချိန်မှာ ဘရန့်ဖိုဒ်နည်းပြ သောမတ်စ်ဖရန့်ခ်၊ အစ်ဝစ်ချ်နည်းပြ မက်ကန်နာနှင့် လက်စတာနည်းပြ မာရက်စ်ကာတို့ထဲမှ တစ်ဦးဦးကို ရွေးချယ်ဖွယ်ရှိကြောင်း သတင်းတွေအရ သိရပါတယ်။

ချဲလ်ဆီးအသင်းက နည်းပြသစ်ကို (၂)နှစ် စာချုပ်သာချုပ်ဆိုရန် ရည်ရွယ်ထားသော်လည်း အသင်း၏ ရေရှည် စီမံကိန်းအတွက် သင့်လျော်မှုရှိမည့် နည်းပြမျိုးကို ဦးစားပေးရွေးချယ်ရန် စီစဉ်ထားကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ