တောင်အင်းကျေးရွာ၌ တပ်မတော်လှုပ်ရှားစစ်ကြောင်းအဖွဲ့နှင့် ကျေးရွာပြည်သူ့စစ်အဖွဲ့များအား အကြမ်းဖက် PDF အဖွဲ့မှ Drone ဖြင့် Drop Bomb ပစ်ချပြီး တိုက်ခိုက်


(အကြမ်းဖက်မှု) မေ ၂၆

တောင်အင်းကျေးရွာ၌ တပ်မတော်လှုပ်ရှားစစ်ကြောင်းအဖွဲ့နှင့် ကျေးရွာပြည်သူ့စစ်အဖွဲ့များအား အကြမ်းဖက် PDF အဖွဲ့မှ Drone ဖြင့် Drop Bomb ပစ်ချပြီး တိုက်ခိုက်


(အကြမ်းဖက်မှု) မေ ၂၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ တောင်အင်းကျေးရွာ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က အခြေပြုနေသည့် တပ်မတော်လှုပ်ရှားစစ်ကြောင်းအဖွဲ့နှင့် ကျေးရွာပြည်သူ့စစ်အဖွဲ့များအား အကြမ်းဖက် PDF အဖွဲ့က ရွှေဂုဏ်တိုင်ကျေးရွာအုပ်စု၊ ကျောက်ငနွားကျေးရွာဘက်မှ Drone ဖြင့် Drop Bomb ၅ လုံး ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့များသည် Drone ဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးလှမျိုး၏ နေအိမ်နှင့် ကျေးရွာအတွင်း အခြေပြုနေသည့် တပ်မတော် လှုပ်ရှားစစ် ကြောင်းအဖွဲ့နေရာဆီသို့ ပစ်မှတ်ထားပြီး Drop Bomb ၅ လုံးပစ်ချ တိုက်ခိုက်ခဲ့သော်လည်း ပစ်မှတ်သို့မထိဘဲ ကျေးရွာအတွင်းသို့သာ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

Bomb ကျရောက် ပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်းရှိ ကလေးငယ် ၁ ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး ၎င်းဒဏ်ရာရရှိသည့် ကလေးငယ်အား စဉ့်ကူးမြို့၊ပြည်သူ့​ဆေးရုံသို့ တင်ပို့ကုသထားကြောင်း၊ အ​ခြေပြု တပ်မတော်လှုပ်ရှားစစ်​ကြောင်းအဖွဲ့မှ လက်နက်ကြီးဖြင် Drone ပျံသန်းလာ​သော နေရာဆီသို့ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ