စထရာဘော့အိုးပင်းဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ကောလင်းစ်


(အားကစား) မေ ၂၆

စထရာဘော့အိုးပင်းဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ကောလင်းစ်


(အားကစား) မေ ၂၆

ပြင်သစ်နိုင်ငံ စထရာဘော့မြို့မှာ ကျင်းပနေတဲ့ စထရာဘော့အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲကို အမေရိကန်တင်းနစ်မယ် ကောလင်းစ် တက်ရောက်သွားခဲ့ပါတယ်။

မေလ ၂၄ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ကောလင်းစ်နဲ့ ယူကရိန်းတင်းနစ်မယ် ကာလီနီနာတို ဆုံတွေ့ခဲ့ကြတာပါ။

ပထမပွဲလတ်က အကြိတ်အနယ် ရှိခဲ့ပြီး ပွဲကစားချိန် ၁ နာရီကြာမြင့်ခဲ့သလို ကောလင်းစ်လည်း အနိုင်ရဖို့ တော်တော်လေး ကြိုးစားသွားခဲ့ရတာဖြစ်ပါတယ်။

ပထမပွဲလတ်မှာ အနိုင်ရခဲ့ပြီးနောက် ကောလင်းစ်ဟာ ဒုတိယ ပွဲလတ်မှာ ပြိုင်ဘက်ကို ဖိအားကင်းကင်းနဲ့ ထိန်းချုပ်ကစားသွားခဲ့ပြီး အမှတ်တွေရအောင် ယူသွားနိုင်ခဲ့ပါတယ်။

ပွဲကစားချိန် ၁ နာရီနဲ့ မိနစ် ၄၀ အကြာမှာတော့ ကောလင်းစ်က ကာလီနီနာကို ၇း၆၊၆း၂ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲအဆင့်ကို တက်သွားခဲ့တာဖြစ်ပါတယ်။

ကောလင်းစ်အနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း တတိယ မြောက် ချန်ပီယံဆုအတွက် ဗိုလ်လုပွဲမှာ တစ်နိုင်ငံတည်းသူ မက်ဒီဆင်ကီးစ်နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။ မက်ဒီဆင်ကီးစ်ကတော့ ဆီမီးဖိုင်နယ်မှာ ရုရှားတင်းနစ်မယ် ဆမ်ဆိုနိုဗာကို အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ခဲ့တာ ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ