ကျန်စစ်မင်းနှင့် ယုဇနအိမ်ရာ စီမံကိန်းအတွက် တင်ဒါခေါ်


(ပြည်တွင်း) မေ ၂၆

ကျန်စစ်မင်းနှင့် ယုဇနအိမ်ရာ စီမံကိန်းအတွက် တင်ဒါခေါ်


(ပြည်တွင်း) မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိင်သာယာမြိုနယ်က ကျန်စစ်မင်းအိမ်ရာစီမံကိန်းနဲ့ ယုဇနအိမ်ရာစီမံကိန်းတွေ မှာ အိမ်ရာ အဆောက်အအုံတွေ ဆောက်လုပ်ဖို့အ တွက် ဒုတိယအကြိမ်အဖြစ် တင်ဒါခေါ်ယူထားတယ်လို့ မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာနကနေ သိရပါတယ်။

လှိင်သာယာမြို့နယ်က ကျန်စစ်မင်းအိမ်ရာအပိုင်း (၁) နဲ့ (၂)၊ ဒဂုံမြို့ သစ်(ဆိပ်ကမ်း)မြို့နယ်က ယုဇနအိမ်ရာ စီမံကိန်းအပိုင်း(၃)တို့မှာ အိမ်ရာ အဆောက် အအုံ ၂၆ လုံး တည်ဆောက် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

တင်ဒါလျှောက်လွှာတွေကို မေလ ၂၃ ရက်ကနေ ဇွန်လ ၇ ရက်အထိ နေပြည်တော်က မြို့ပြနှင့်အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံဖြိုးရေးဌာနခွဲမှာ ရောင်းချပေးနေပြီး ဇွန်လ ၁၀ ရက်၊ ညနေ ၃ နာရီခွဲအချိန် နောက်ဆုံးထားကာ ပြန်လည်တင်သွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။

ကျန်စစ်မင်းအိမ်ရာ အပိုင်း (၁) နဲ့ (၂) မှ တည်ဆောက်ပြီးစီးသွားတဲ့ အခန်းတွေကို အိမ်ရာချေးငွေတွေနဲ့ ရောင်းချပေးခဲ့ပြီး အဆောက်အအုံအသစ်တွေ ထပ်မံဆောက်လုပ်မှာဖြစ်သလို ယုဇနအိမ်ရာစီမံကိန်း အပိုင်း (၃) ကိုလည်း တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာန ကနေ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ