ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်းထုတ်ပြန်


(ပြည်တွင်း)မေ ၂၄

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့် ဆက်စပ်လျက်ရှိတဲ့ သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ ဆက်ဆံရေးလုပ်ငန်းများ စီမံဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို သက်ဆိုင်ရာဝန်ကြီးဌာနများ ဖြစ်တဲ့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန တို့မှ လူ/ပုဂ္ဂိုလ် ၁၁ ဦးဖြင့် ရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် ဖွဲ့စည်းခဲ့ပြီး အဆိုပါဖွဲ့စည်းသည့် အမိန့်စာကို မေလ ၁၇ ရက် ရက်စွဲဖြင့် နစကမှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ ဖွဲ့စည်းမိန့်အရ ဦးဆောင်အဖွဲ့အနေဖြင့် SPIC Yunnan International Power Investment Co.,Ltd(SPICYN)၏ ဦးဆောင်အဖွဲ့နှင့် အတူပူးပေါင်းကာ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း အတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရန်၊ ရေအားလျှပ်စစ်စီမံကိန်း၏ အဓိကကိစ္စရပ်များအပေါ် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ ဆက်ဆံရေးလုပ်ငန်းအဖွဲ့တို့အား လမ်းညွှန်မှုပေးခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းကို ဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ပြည်ထောင်စု ဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ရန်၊ နည်းပညာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ရန် နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရများအကြား စီမံကိန်းကိစ္စများ ညှိနှိင်းဆောင်ရွက်နိုင်ရန် အတွက် အထောက်အကူ ပြုနိုင်ရေးဆောင်ရွက်ရန် စသည့်အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ