အုတ်ဖိုမြို့နယ်၊ မီးချောင်းပင်ကျေးရွာနေ အရပ်သားပြည်သူ တစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်


(အကြမ်းဖက်မှု) မေ ၂၄

အုတ်ဖိုမြို့နယ်၊ မီးချောင်းပင်ကျေးရွာနေ အရပ်သားပြည်သူ တစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်


(အကြမ်းဖက်မှု) မေ ၂၄

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ အုတ်ဖိုမြို့နယ်၊ ချောင်းခေါင်းအုပ်စု၊ မီးချောင်းပင်ကျေးရွာနေ မောင်သန်းဇော်၊ ၂၈ နှစ်၊ (ဘ)တင်ဇော် အား ယမန်နေ့ ၃ နာရီအချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်သွားကြောင်း သိရသည်။

သေဆုံးသူ မောင်သန်းဇော်သည် လုပ်ငန်းကိစ္စဖြင့် အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအရှေ့ဘက် သို့ရောက်ရှိစဥ် အကြမ်းဖက် PDF အဖွဲ့မှ သေနတ်​​ဖြင့်ပစ်ခတ်သွားရာ ရရှိဒဏ်ရာဖြင့်ပင် သေဆုံးသွားကြောင်း သိရှိရပါသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ