တောင်ကြီး-ကျိုင်းတုံကားလမ်းတွင် ၁၂ ဘီးယာဉ် အရှိန်မထိန်းနိုင်ပဲ ချောက်ထဲသို့ ထိုးကျသဖြင့် ယာဥ်မောင်းသေဆုံး


(ပြည်တွင်း)မေ ၂၄

တောင်ကြီး-ကျိုင်းတုံကားလမ်းတွင် ၁၂ ဘီးယာဉ် အရှိန်မထိန်းနိုင်ပဲ ချောက်ထဲသို့ ထိုးကျသဖြင့် ယာဥ်မောင်းသေဆုံး


(ပြည်တွင်း)မေ ၂၄

ရှမ်းပြည်နယ်၊ တောင်ကြီး-ကျိုင်းတုံကားလမ်း၊ မိုင်တိုင်အမှတ် (၅၀၇.၅)kmနှင့်(၅၀၈)kmကြားအကွေ့တွင် ယနေ့ မွန်းလွဲ ၁ နာရီကျော်အချိန်ခန့်က Nissan (၁၂)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက်ခြမ်းရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားသဖြင့် မိုင်းပျဉ်းမြို့နယ် မီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့​ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း ကျား ၁ ဦး(သေဆုံး)နှင့် ယာဉ်နောက်လိုက် ကျား ၁ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့ကြပြီး ၎င်းတို့အား စေတနာရှင်ပရဟိတအသင်းမှ ယာဉ်ဖြင့် မိုင်းပျဉ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့​​ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ