ကွန်ပနီ ကို နည်းပြသစ်ခန့်ရန် သဘောတူညီမှုရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း

ကွန်ပနီ ကို နည်းပြသစ်ခန့်ရန် သဘောတူညီမှုရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း


(အားကစား) မေ ၂၄

ဘိုင်ယန်မြူးနစ်အသင်းက ယခုရာသီကုန်မှာ ဘန်လေအသင်းနှင့် ချန်ပီယံရှစ်သို တန်းဆင်းခဲ့ရတဲ့ ကွန်ပနီ ကို နည်းပြသစ်အဖြစ်ခန့်အပ်ရန် နှုတ်အားနဲ့ သဘောတူညီမှုရရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။

မကြာမီရက်ပိုင်းအတွင်းမှာ အတည်ပြုကြေညာနိုင်ဖွယ်ရှိပြီး ဘိုင်ယန်မြူးနစ်အသင်းက လက်ရှိအသင်း နည်းပြ သောမတ်စ်တူချယ် နှင့် လမ်းခွဲတော့မှာဖြစ်တာကြောင့် ၎င်းရဲ့နေရာမှာ အစားထိုးနိုင်ဖို နည်းပြသစ် တစ်ဦးကို ရှာဖွေနေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ လေဗာကူဆင်အသင်းနည်းပြ အလွန်ဆို၊ နည်းပြဟောင်းဖြစ်တဲ့ ဂျာမနီလက်ရွေးစင်အသင်းနည်းပြ နာဂျယ်စမန်းနှင့် သြစတြီးယားလက်ရွေးစင်အသင်းနည်းပြ ရန်းညက် တို့ကို ပစ်မှတ်ထားခဲ့သော်လည်း သုံးဦးစလုံးက ငြင်းပယ်ခဲ့တာကြောင့် နောက်ဆုံးမှာ ဘန်လေအသင်းနည်းပြ ကွန်ပနီ ကို ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။/

Telegram»…
https://t.me/positiveanglenews

PAN

SZ