ရုရှားနိုင်ငံ က နည်းဗျူဟာမြောက် နျူလက်နက်များပါဝင်မည့် စစ်ရေးလေ့ကျင့်မှုကို သင့်တော်သည့်အချိန် တွင် ပြုလုပ်မည်ဟု ပြောကြား


(နိုင်ငံတကာ) မေ ၂၃

နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ ပါဝင်မည့် စစ်ရေးလေ့ကျင့်မှုကို သင့်လျော်သည့်အချိန်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် က မေလ၂၀ ရက်က အတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။

သမ္မတပူတင်၏ ညွှန်ကြားချက်အရ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို ရုရှားနိုင်ငံအနေဖြင့် သင့်လျော်သည့် ကာလအပိုင်းအခြားတွင် ပြုလုပ်မည် ဖြစ်ကြောင်း ဒီမီထရီ ပက်စကော့ဗ် က ပြောကြားခဲ့ကြောင်း သိရသည်။

နည်းဗျူဟာမြောက် နျူကလီး ယား လက်နက်များ ဖြန့်ကြက်မှုကို လေ့ကျင့်ရန် ရုရှားသမ္မတပူတင် က ရုရှားစစ်ဘက်ကို ယခုလအစောပိုင်းက ညွှန်ကြားထားသည်။

ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန်တို့၏ ခြိမ်းခြောက်မှုများကြောင့် ရုရှားအနေဖြင့် နည်းဗျူဟာ မြောက် နျူကလီးယားလက်နက်များ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ရလိမ့်မည်ဖြစ်ကြောင်း သမ္မတ ပူတင် က ပြောကြားသည်။

အဆိုပါ နျူကလီးယားလက်နက် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည့် အချိန်ကာလအပိုင်းအခြားကို ကာကွယ် ရေး ဝန်ကြီးဌာနက ဆုံးဖြတ်မည်ဖြစ်ကြောင်း ကရင်မလင် နန်းတော်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် က ပြောကြားခဲ့ကြောင်း သိရသည်။

ရုရှားနှင့် အနောက်အုပ်စုနိုင်ငံများအကြား ဆက်ဆံရေးမှာလည်း လက်ရှိအချိန် တွင် ယူကရိန်းပြဿနာကို အကြောင်းပြု၍ အဆိုးရွားဆုံးအဆင့်သို့ ကျရောက်လျက်ရှိကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ