မြဝတီမြိုတွင် ဘဏ် ၇ ခုက ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဆောက်ရွက်ပေးနေ


(ပြည်တွင်း) မေ ၂၃

ကရင်ပြည်နယ်၊ မြဝတီမြိုတွင် လက်ရှိအချိန်မှာ ဘဏ် ၇ ခုက ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ဆောင်ရွက်ပေး နေတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားပါတယ်။

မြဝတီမြို့မှာ မူလကပုဂ္ဂလိကဘဏ် ၁၅ ဘဏ်ခုက ဘဏ်ခွဲ ၂၀ ဖွင့်လှစ်ထားတာဖြစ်ပြီး နယ်မြေဒေသ အခြေအနေကြောင့် ဘဏ် ၁၃ ဘဏ်ခုက သူတို့ရဲ့သက်ဆိုင်ရာဘဏ်ခွဲတွေကို ယာယီပိတ်သိမ်းခွင့်တင်ခဲ့တဲ့အတွက် ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ နယ်မြေအခြေအနေ တည်ငြိမ်သွားပြီ ဖြစ်တဲ့အတွက် ယာယီပိတ်ထားခဲ့တဲ့ ဘဏ်တွေထဲက ၅ ခုကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့တင်ပြခဲ့တာကြောင့် ခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိမှာတော့ မြဝတီမြိုမှာ MCB၊ FPB၊ CB Bank PCL၊ YOMA၊ MOB၊ UAB နဲ့ SMEDB စတဲ့ဘဏ်များက ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ ဖြေကြားချက်အရ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ