ဘီးလင်းမြို့နယ် မြို့နယ်ပြည်ခိုင်ဖြိုးကော်မတီဝင် ၁ ဦးပစ်ခတ်သတ်ဖြတ်ခံရ


(အကြမ်းဖက်မှု) မေ ၂၃

ဘီးလင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်တစ်ဦး ယနေ့မနက်ပိုင်းတွင် PDF အကြမ်းဖက်များ၏ ပစ်ခတ်သတ်ဖြတ်မှုခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ဦးသက်လွင်ဦးသည် ယနေ့ နံနက် ၉ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ၎င်း၏ကလေးအား ကျောင်းအပ်နှံပြီးအပြန် လမ်းခုလတ်တွင် PDF အကြမ်းဖက်များ၏ ပစ်ခတ်သတ်ဖြတ်မှုခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၄၆ နှစ်အရွယ်ရှိ‌သော ဦးသက်လွင်ဦး(ဘ) ဦးစံတင် သည် တယ်လီဖုန်းပြုပြင်ရောင်းဝယ်ရေးလုပ်ငန်းလုပ်သူဖြစ်ပြီး ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအုပ်စု၊ ဇုတ်သုတ်ကျေးရွာ ရွာကြီးပိုင်းတွင်နေထိုင်သည်ဟုလည်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #AMT #SZ