ပြင်သစ်သမ္မတမက်ခရွန် ပဋိပက္ခဖြစ်ပွားနေသည့် နယူးကယ်လီဒိုးနီးယားသို့ သွားရောက်


(နိုင်ငံတကာ) မေ ၂၃

ပဋိပက္ခဖြစ်ပွားနေသည့် နယူးကယ်လီဒိုးနီးယားသို့ ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်နှင့် ၎င်း၏ အစိုးရအဖွဲ့ဝင်များ သွားရောက်နေကြောင်းသိရသည်။

ပြင်သစ်လက်အောက်ခံ တောင်ပစိဖိတ် ကျွန်းနိုင်ငံတစ်ခုဖြစ်သည့် နယူးကယ်လီဒိုးနီးယားတွင် ပြင်သစ်ပါလီမန်မှအဆိုပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင့် ပြင်သစ်နိုင်ငံသားများအား မဲပေးခွင့်ပိုမိုရရှိရေး ပြင်ဆင်ချက်ကို မကျေနပ်ခြင်းကြောင့် တစ်နိုင်ငံလုံး ဆူပူအုံကျွမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါ ပဋိပက္ခတွင် အနည်းဆုံး လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး လမ်းတံတားများ ပိတ်ဆို့ထားပြီး ကားများ ဈေးဆိုင်များတွင် လုယက်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။

နယူးကယ်လီဒိုးနီးယားတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များ ပိတ်ထားဆဲဖြစ်ပြီး ဩစတေးလျနှင့် နယူးဇီလန်နိုင်ငံတို့သည် ၎င်းတို့၏ နိုင်ငံသားများကို ကယ်တင်ရန် အစိုးရ ကယ်ဆယ်ရေးလေယာဉ်များ စေလွှတ်ထားကြောင်း သိရသည်။

ပြင်သစ်သည် နယူးကယ်လီဒိုးနီးယားရှိအခြေအနေများ ထိန်းသိမ်းနိုင်ရန် တပ်ဖွဲ့ဝင် ၁၀၀၀ ဦးကို စေလွှတ်ထားခဲ့ကြောင်း သိရသည်။

သမ္မတ မက်ခရွန်၏ ခရီးစဉ်တွင် ၎င်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး Marie Guévenoux ကာကွယ်ရေးဝန်ကြီး Sébastien Lecornu နှင့် ပြည်ထဲရေးဝန်ကြီး Gérald Darmanin လိုက်ပါသွားကြောင်း သိရသည်။

နယူးကယ်လီဒိုးနီးယားကျွန်းသည် ၁၈၅၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံက သိမ်းပိုက်ကိုလိုနီပြုခဲ့ပြီး ဒေသခံတိုင်းရင်းသားများအား ကြမ်းတမ်းစွာ ခွဲခြားဆက်ဆံမှုများကြောင့် တိုင်းရင်းသားများသည် ဆင်းရဲမွဲတေမှုမြင့်မားပြီး အလုပ်လက်မဲ့များ များစွာဖြစ်ပေါ်နေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ