ပဲခူးတိုင်းဒေသကြီး၊ အင်ပင်လှကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်သတ်ဖြတ်ခံရ


(အကြမ်းဖက်မှု) မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ညောင်ကုန်းအုပ်စု၊ အင်ပင်လှကျေးရွာတွင် ယနေ့နံနက် ၇ နာရီအချိန်ခန့်က လူ ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် သေဆုံးသူ ဦးမျိုးထွန်း၊ အသက် ၅၅ နှစ်သည် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး ၎င်းသည် BGO 75W/87103 HOND Dream 125 အမျိုးအစား (အနက်ရောင်)ဆိုင်ကယ်ဖြင့် ဈေးဝယ်ထွက်စဉ် အမည်မသိ အကြမ်းဖက်သမား ၂ ဦးမှ နောက်မှလိုက်လာ၍ သေနတ်မျိုးအစား(စီစစ်ဆဲ)လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်ခံရမှုကြောင့် ဝဲဘက် ဦးခေါင်းကျည်ဖောက်ဝင်၍၊ ယာဘက်ဦးခေါင်းမှ ကျည်ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ၎င်းအကြမ်းဖက်သမား ၂ ဦးအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆင်မြီးဆွဲမြို့ဝင်/ထွက်ပေါက်များအား ပိတ်ဆို့ရှာဖွေစစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ