ထိုင်ဝမ်သမ္မတသစ်ကျမ်းကျိန်ပြီးနောက် တရုတ်က စစ်ရေးလေ့ကျင့်ကာ သတိပေး


(နိုင်ငံတကာ)မေ ၂၃

ထိုင်ဝမ်သမ္မတသစ် လိုင်ချန်းတီ၏ ကျမ်းကျိန် သစ္စာဆိုပွဲအပြီး ပြစ်ဒဏ်ခတ်သည့်အနေဖြင့် တရုတ်က ထိုင်ဝမ်အနီးစစ်ရေးလေ့ကျင့်ခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ဘက်ကွပ်ကဲရေးဌာနချုပ်မှ လုပ်ဆောင်ခဲ့သည့် နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုတွင် ကြည်း၊ ရေ၊ လေတပ်ဖွဲ့ဝင်များ ဒုံးပျံတပ်ဖွဲ့ဝင်များပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် တရုတ်ပြည်မကြီးနှင့် ထိုင်ဝန်ကျွန်းစုကြားရှိ ကျဉ်းမြောင်းသော ထိုင်ဝမ်ရေလက်ကြားတွင် ကျင်းပခဲ့ကြောင်း ထုတ်ပြန်ထားသည်။

PLA ၏ ရေတပ်ကွပ်ကဲမှုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Li Xi က အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်၏ ခွဲထွက်ရန်ကြိုးပမ်းမှုလုပ်ရပ်များအတွက် ပြင်းထန်သည့် သတိပေးမှုဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တရုတ်သည် ထိုင်ဝမ်နိုင်ငံအနေဖြင့် ၎င်း၏နယ်မြေ၏ အစိတ်အပိုင်းဖြစ်ပြီး ၎င်းကို ဘယ်သောအခါမှ ခွဲထွက်ခွင့်ပြုမည်မဟုတ်ပဲ လိုအပ်ပါက အင်အားသုံး၍ ထိုင်ဝမ်ကျွန်းကို သိမ်းယူမည်ဟု ကတိပြုထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ