(နိုင်ငံတကာ) မေ ၂၃
(၁၀) ကြိမ်မြောက် ကမ္ဘာ့ရေဖိုရမ်နှင့် ဝန်ကြီးများအဆင့် ဆက်စပ်အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် မေလ၂၀ ရက်နှင့် ၂၁ ရက်တိုမှာကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံးမှ သံမှူးကြီး ဒေါက်တာ အောင်သူစိုး တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရပါတယ်။
ကမ္ဘာ့ရေဖိုရမ်မှာ အဆင့်မြင့်အစည်းအဝေး (High Level Meeting)၊ ဝန်ကြီးများအဆင့်အစည်းအဝေး (Ministerial Meeting) တိုအပြင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် အသိပညာရှင်၊ အတတ်ပညာရှင်များက ဦးဆောင် ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်သော ဆွေးနွေးပွဲများကိုလည်း တစ်ပါတည်း ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ အစိုးရကိုယ်စားလှယ် များ၊ ပုဂ္ဂလိက ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များနှင့် ဘာသာရပ်ပိုင်း ဆိုင်ရာ စိတ်ပါဝင်စားသူများစွာ ပါဝင်တက်ရောက်ခဲ့ပါတယ်။
(၁၀)ကြိမ်မြောက် ကမ္ဘာ့ရေဖိုရမ် ဖွင့်ပွဲအခမ်းအနားကို မေလ (၂၀) ရက်၊ နံနက်ပိုင်းတွင် ဘာလီမြို၊ ဘာလီ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်ခဲ့ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို က တက်ရောက် ဖွင့်လှစ်ပေးခဲ့တယ်။
ဖွင့်ပွဲအခမ်းအနားသို့ သီရိလင်္ကာနိုင်ငံသမ္မတ Ranil Wickremesinghe၊ ဖီဂျီနိုင်ငံသမ္မတ Ratu Wiliame Maivalili Katonivere၊ တာဂျစ်ကစ္စတန် နိုင်ငံဝန်ကြီးချုပ် Qohir Rasulzoda၊ မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Dato Sri Haji Fadillah Bin Haji Yusof နှင့် ပါပူဝါနယူးဂီနီနိုင်ငံဒုတိယဝန်ကြီးချုပ် John Rosso စတဲ့ နိုင်ငံ့အကြီးအကဲနှင့် အစိုးရအဖွဲ့ဝင်အကြီး အကဲများနှင့် ကမ္ဘာ့ရေကောင်စီဥက္ကဋ္ဌ Loic Fauchon၊ ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌ Dennis Francis တို့လည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
Telegram»…
https://t.me/positiveanglenews