KNDF /PDF အကြမ်းဖက်အဖွဲ့များ ဖောက်ခွဲဖျက်ဆီးခဲ့သည့် ထီးစဲခါးတံတားအား ပြန်လည်ပြုပြင်ပြီးစီးပြီ

(ပြည်တွင်း) မေ ၂၂

ကယားပြည်နယ် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့၏ မြောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာရှိ အရှည် ၂၆၀ ပေ၊ အကျယ် ၃၀ ပေရှိ ထီးစဲခါးတံတားအား KNDF / PDF အမည်ခံအကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့များ ဖောက်ခွဲဖျက်ဆီးခဲ့သည့် ထီးစဲခါးတံတားအား ဆီဆိုင်မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက မေ ၁၇ ရက်မှစတင်၍ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ယခုအခါတွင် တံတားပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် ယာဉ်ကြီး/ယာဉ်ငယ်များ ၁၃ တန်အထိ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

#PAN