အာဆီယံနိုင်ငံများအတွင်း အမေရိကန်ဒေါ်လာသုံးစွဲမှု စွန့်ပစ်တော့မည်လား ?

မေ ၂၂

      အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများသည် ကုန်သွယ်မှုအတွက် ပြည်တွင်းငွေ ကြေးများကို မြှင့်တင်ရန်နှင့် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုများအတွက် အမေရိကန် ဒေါ်လာကို စွန့်ပစ်ရန် ကြိုးပမ်းနေကြသည်။ အာဆီယံတွင် နိုင်ငံပေါင်း ၁၀ နိုင်ငံ ပါဝင်ပြီး ၎င်းတို့၏ စီးပွားရေးသည် ကမ္ဘာလုံးဆိုင်ရာ နယ်ပယ်တွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုး တက်လျက်ရှိသည်။ အာဆီယံ အစုအဖွဲ့ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားသည် အမေရိကန် ဒေါ်လာကို မှီခိုအားထားမှုကို အဆုံးသတ်ရန် ရှာဖွေနေသော ကြောင့် ယင်းက ဒေါ်လာကို ဖိအားအောက်တွင် သက်ရောက်စေသည်။

      နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်တို့၏ နောက်ဆုံး ကိန်းဂဏန်းများအရ အာဆီယံနိုင်ငံများ၏ စုစုပေါင်း GDP သည် လက်ရှိတွင် ကန်ဒေါ်လာ ၄ ထရီလီယံခန့်ရှိသည်။

     ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက် နမ်တို့ သည် အမေရိကန် ဒေါ်လာကို ကုန်သွယ်မှုတွင် ရပ်တန့်ရန် ကြိုးစားနေသည့် အာဆီယံ ၁၀ နိုင်ငံဖြစ် သည်။

        အကယ်၍ အာဆီယံမဟာမိတ်အဖွဲ့သည် ကုန် သွယ်မှုအတွက် ဒေသတွင်းငွေကြေးများကို လုံးဝစတင်အသုံးပြုပါက၊ အမေရိကန်ဒေါ်လာသည် အန္တရာယ်ရှိမည်ဖြစ်သည်။ အထူးသဖြင့်၊ အင်ဒိုနီးရှားသည် ဒေါ်လာငွေ သုံးစွဲမှုဆန့်ကျင့်ရေး အစီအစဉ်ကို တွန်းအားပေးရာတွင် အတက်ကြွဆုံးဖြစ်သည်။ အင်ဒိုနီးရှားသမ္မတ Joko Widodo က အစုအဖွဲ့အား အမေရိကန် ဒေါ်လာနှင့် ဝေးရာသို့ လျင်မြန်စွာ ရွှေ့ကာ ဒေသတွင်း ငွေကြေးများကို စတင်အသုံးပြုရန် တိုက်တွန်းထားသည်။

       အဆိုပါ လုပ်ဆောင်ချက်သည် ကမ္ဘာ့နိုင်ငံခြားငွေလဲနှုန်းများတွင် ပြည်တွင်းငွေကြေးများကို အား ကောင်းစေပြီး ၎င်းတို့၏ ဒေသတွင်း စီးပွားရေးကို လည်းအားကောင်းစေမည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားသည် အမေရိကန်ကြွေးမြီ ဒေါ်လာ ၃၄.၄ ထရီလီယံ မြင့်တက်လာခြင်းသည် ၎င်းတို့၏ ဒေသတွင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးများကို ထိခိုက်စေမည်ကို စိုးရိမ်နေကြသည်။ ထို့ကြောင့်၊ အမေရိကန်ကြွေးမြီအတွက် တစ်ခုတည်းသော အဖြေမှာ အာဆီယံနိုင်ငံများမှ ပြည်တွင်းငွေကြေးများကို အသုံးပြုပြီး အမေရိကန် ဒေါ်လာကို ဘေးဖယ်ထားရန် ဖြစ်သည်။

      အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းသည် အာဆီယံမှ ဒေါ်လာတန်ဖိုးကို ဖယ်ရှားလိုသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။ ပိုမိုအားကောင်းသော ပြည် တွင်းသုံးငွေသည် ၎င်းတို့၏စီးပွားရေးကို ပိုမိုလုံခြုံစေသည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများမှ ဆိုးကျိုးများရှိလာမည်မဟုတ်ပေ။

      နိဂုံးချုပ်အားဖြင့်၊ နိုင်ငံများစွာက အမေရိကန်ဒေါ်လာသုံးစွဲမှုကို အမြစ်ဖြတ်ရန် ကြိုးပမ်းနေကြခြင်းကြောင့် လာမည့်ဆယ်စုနှစ်သည် အမေရိကန် ဒေါ်လာအတွက် ခြားနားစေလိမ့်မည်ဖြစ် သည်။
(Watcher Guru News မှ စာရေးသူ Vinod Dsouza ၏ ဆောင်းပါးကို ဆီလျော်စွာ ဘာသာပြန်ဆိုထားပါသည်)

#PAN