အစ္စရေးက Rafah ကို ပြင်းထန်စွာ တိုက်ခိုက်မည့်အစီအစဉ်အား ပိုမို အကန့်အသတ်ဖြင့် ဆောင် ရွက်မည်ဖြစ်ဟုဆို

မေ ၂၂

      ဝါရှင်တန်ပို့စ် သတင်းထောက်ဖြစ်သူ David
Ignatius က အစ္စရေး၏ ဂါဇာကမ်းမြှောင်တောင်ပိုင်း Rafah မြို့၌ ကြီးမားသည့် စစ်ရေးထိုးစစ်ဆင်မှု အစီ အစဉ်ကို အမေရိကန်နှင့် အစ္စရေး တို့ ဆွေးနွေးခဲ့ပြီးနောက် ဆောင်ရွက်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကာ ပိုမို အကန့်အသတ်ဖြင့်သာဆောင် ရွက်မည်ဟု သတင်း ဖော်ပြခဲ့သည်။ ၎င်းကိစ္စကို သိရှိနားလည်သော အမည်မဖော်လိုသည့် တာဝန် ရှိသူနှင့် ပြောကြားမှုအပေါ် အခြေခံ၍ ၎င်းမြို့သို့ တပ်မ နှစ်ခု စေလွှတ်မည့် မူလအစီအစဉ် ဆောင် ရွက်မှုအစား စစ်ဆင်ရေးသည် ပိုမို ပျော့ပြောင်းမည် ဖြစ်ကြောင်း သိရသည်။

      အစီအစဉ် အသစ်သည် အရပ်သားများ သေကျေဒဏ်ရာရရှိမှု နည်းသွားမည့် အတွက်ကြောင့် ၎င်းတို့ကို ဆန့်ကျင်မှုများ မရှိနိုင်တော့ဟု အမေရိကန် (ဝါရှင်တန်)က မျှော်လင့်ယုံကြည်ထားကြောင်း သိရပါသည်။

       Ignatius က ပြောကြားရာ၌ ကာကွယ်ရေးခေါင်း ဆောင်များသည် ဟားမတ်စ် ပြိုပျက်သွားပြီးနောက် အာရပ်နိုင်ငံများ ကျောထောက်နောက် ခံ ပြုထားသည့် ဂါဇာအုပ်ချုပ်ရေး၌ အစွန်းမရောက်သော ပါလက်စတိုင်း လုံခြုံရေးတပ်ဖွဲ့ တစ်ခုကို လိုလားကြောင်း၊ ၎င်းတပ်ဖွဲ့အား ဝန်ကြီး ချုပ် ဘန်ဂျမင် နေတန်ညာဟု က ငြင်းဆိုပြီး သဘောထားကွဲလွဲမှုများ ရှိနေသောကြောင့် Ramallah ရှိ ပါလက်စတိုင်းအာဏာပိုင်များနှင့် ဆက်သွယ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရပါသည်။

      ဆော်ဒီအာရေးဗီးယားသည် အစ္စရေးနှင့် ပုံမှန် ဆက်ဆံရေးအတွက် ပျော့ပြောင်းသည့် သဘောထားရှိသော်လည်း ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်လာရေး လမ်း ကြောင်းကို တောင်းဆိုလျှက် ရှိသည်ဟု Times of Israel သတင်းမှ ဖော်ပြထားပါသည်။

#PAN