ဇွဲကပင်တောင်ဆရာတော်ဦးဆောင်ပြီး ကော့ကရိတ် ကျုံဒိုး အာရှလမ်းမကြီးတစ်လျှောက် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်


(ပြည်တွင်း) မေ ၂၂

ကရင်ပြည်နယ်အတွင်း ဒေသငြိမ်းချမ်းစေရန်နှင့် အေးချမ်းသာယာစေရန်ရည်ရွယ်ပြီး ကရင်ပြည်နယ်မှ ဆရာတော်ကြီးများဦးဆောင်ကာ ဆရာတော် သံဃာတော်များသည် ယနေ့ နံနက်ပိုင်းမှစတင်ကာ အန္တရာယ်ကင်းပရိတ်တော်များ လှည့်လည်ရွတ်ဖတ် ပူဇော်နေကြောင်း သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်တောင်ဆရာတော်ဦးဆောင်သည့် ဘားအံမြို့ရှိ ဆရာတော်သံဃာများလိုက်ပါလာသော ယာဥ်တန်းသည် ကော့ကရိတ် ကျုံဒိုး အာရှလမ်းမကြီးတလျောက်တွင်အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပေးခဲ့ကြကြောင်းလည်းသိရသည်။

ထို့နောက် ကော့ကရိတ်မြို့ပေါ်ရှိ ဆရာတော် သံဃာတော်များနှင့်ပေါင်းစည်းကာ ကော့ကရိတ်မြို့အာရှလမ်းမဘက်ခြမ်းမှ ချောင်းတောင်ရပ်ကွက်ထိ ထိုမှ တဆင့် ပြည်သူ့ဆေးရုံကြီးမှ မြို့တွင်းလမ်းမကြီးစျေးကြီးအထိ ထိုမှတဆင့် အောင်မင်္ဂလာလမ်းမကြီး အမှတ် ၇ရပ်ကွက် လေသာကျောင်းထိ၊ လေသာကျောင်းမှ သတိပဌာန်ကျောင်းသစ်၊ ကြာအင်းကုန်း၊ အထက်ရွာနှင့်အထက်ရွာအောက်ပိုင်းမှ ရတနာလမ်းထိ လှည့်လည်ပရိတ်ရွတ်ဖတ်ပေးခဲ့ကြကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ