ဂါဇာကမ်းမြှောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ၅၆၉ တန်ကျော် ပေး အပ်ခဲ့သည်ဟု US CENTCOM မှ ပြောကြား

မေ ၂၂

      ဂါဇာကမ်းမြှောင်သို့ ယာယီ ရေပေါ်ဆိပ်ခံတံတား ကို ဖြတ်၍ လူသားချင်းစာနာ ထောက်ထားမှုအကူ အညီ ၅၆၉ မက်ထရစ်တန်ကျော်ကို အင်္ဂါနေ့တွင် ပေးပို့ထားပြီး ဖြစ်သော်လည်း အကူအညီ အားလုံးသည် သိုလှောင်ရုံများသို့ ရောက်ရှိခြင်း မရှိသေးဟု အမေရိကန် ဗဟို စစ်ဌာနချုပ်မှ ပြောကြားခဲ့သည်။

အစ္စရေးက ဝိုင်းရံပိတ်ဆို့ထားသော ကမ်းရိုးတန်း နယ်မြေအတွင်းသို့ ထောက်ပံ့ရေး ပိုမိုခွင့်ပြုရန် ကမ္ဘာလုံးဆိုင်ရာ ဖိအားပေးမှုများပိုမို ကြီးထွားလာနေမှုများကြောင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့မှုများသည် သောကြာနေ့တွင် စတင် ဝင်ရောက်လာခဲ့သည်။

       ကုလသမဂ္ဂ ကန်ထရိုက်တာများက ဆိပ်ကမ်းနေရာမှ သယ်ယူလာသော စားနပ်ရိက္ခာ အကူ အညီ ထရပ်ကားကြီး ၁ဝ စီးအားဂါဇာဒေသ Deir El Balah ရှိ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် ဂိုဒေါင်တစ်ခုတွင် သောကြာနေ့က လက်ခံရရှိ ခဲ့မှုကို ကုလသမဂ္ဂက ပြောကြားခဲ့သည်။ သို့သော် စနေနေ့၌ ခရီးစဉ်အတွင်း အခြားသူ ၁၁ ဦးကို ပါလက်စတိုင်းတို့က ရှင်းလင်း ဖယ်ရှားပြီးနောက် ကုန်တင်ကားကြီး ၅ စီးသာ ဂိုဒေါင်သို့ ပို့ဆောင်နိုင်ခဲ့သည်ဟု ကုလသမဂ္ဂ အရာရှိတစ်ဦးက ပြော ဆိုခဲ့ကာ လူသားချင်းစာနာ ထောက်ထားမှု အကူ အညီများဖြင့် ဝင်ရောက်ရန် ခက်ခဲသည်ဟု အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း သိရပါသည်။

#PAN