(ပြည်တွင်း) မေ ၂၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦး ယနေ့တွင် သတ်ဖြတ်ခံရကြောင်း သိရသည်။
ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ဦးအုန်းမြင့် ဆိုသူကို အကြမ်းဖက် PDF များက ကျိုက်ထိုမြို့ တောင်ပိုင်းရပ်ကွက်၊ သီတာလမ်း၊ 7 Mark လ္ဘက်ရည်ဆိုင်၌ လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
ကျိုက်ထိုမြို့ ရေတံခါး(၁)လမ်း၊ တောင်ပိုင်းရပ်ကွက်တွင်နေထိုင်သည့် အကြမ်းဖက် PDF ၂ ဦးသည် သီတာလမ်းအတိုင်း ယာဉ်အမှတ်(စိစစ်ဆဲ) NCX Dream 125 ခဲရောင်ဆိုင်ကယ် ၁ စီးဖြင့်ရောက်ရှိလာပြီး အကြမ်းသမား ၁ ဦးမှ လက်ဖက်ဆိုင်အတွင်း ဝင်ရောက်လာကာ ဆိုင်အတွင်းရှိနေသူ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အရန်ကော်မတီဝင် ဦးအုန်းမြင့်၊ အသက် ၆၄ နှစ်၊ (ဘ)ဦးထွန်းရွှေ၊ ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် PDF များမှ သေနတ်အတိုဖြင့် ၇ ချက်ခန့် ပစ်ခတ်ခဲ့ရာ ဦးအုန်းမြင့်၏ ရင်ဘက် ကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ ယာပါး ကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်ဖျံကျည်ဖောက်ဝင် ဒဏ်ရာ ၂ ချက်၊ ဝမ်းဗိုက် ဝဲဘက်ဘေး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာပုခုံးကျည် ဖောက်ဝင်ဒဏ်ရာ ၂ ချက် တို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဆိုင်အတွင်းတစ်ဝိုင်းတည်းအတူရှိနေသည့် ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်တွင်.နေထိုင်သည့် နေလင်း၊ အသက် ၄၈ နှစ်၊ (ဘ)ဦးတင်အေး၊ သဲကျောက်လုပ်ငန်း၊ ငယ်ဒိုး၊ နေသူတွင် ဝဲပေါင် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲပေါင်ကျည် ဖောက်ထွက်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)နှင့် ကျိုက်ထိုမြို့ နီလာလမ်း၊ တောင်ပိုင်းရပ်ကွက်တွင်နေထိုင်သူ ဦးဇော်ဇော်၊ အသက် ၅၃ နှစ်၊ (ဘ)ဦးတင်လှ၏ ဝဲခြေသလုံး ကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ ယာပေါင် အောက်ရှပ်ထိဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် တောင်ပိုင်းလူမှုကူညီရေးအသင်းယာဉ်ဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါ အကြမ်းဖက်သမား ၂ ဦးသည် ကျိုက်ထိုမြို့၏ မြောက်ဘက် ၂ မိုင်ခန့် အကွာရှိသော ငယ်ဒိုးကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
Telegram>>…
https://t.me/positiveanglenews