ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကတောင်တွင် ကားဘရိတ်ပေါက်၍ နောက်ပြန်လိမ့်ရာ အမျိုးသမီး ၁ ဦး ကားကြိတ်ခံရ၍သေဆုံး


( မှုခင်း) မေ ၂၂

ယမန်နေ့ ညနေ ၃ နာရီအချိိန်ခန့်က ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကတောင်တွင် ကားဘရိတ်ပေါက်၍ နောက်ပြန်လိမ့်ရာ နောက်တွင်ရှိနေသည့် ဆိုင်ကယ်ကို တိုက်မိ၍ အမျိုးသမီး ၁ ဦး နေရာ၌ပင်သေဆုံးသွားကြောင်း သိရသည်။

ဖားကန့်မြို့ ၊ မရှီကတောင်တွင် ဖိုးဝှီးအမျိုးစားကားသည် ဘရိတ်ပေါက်၍ နောက်ပြန်လိမ့်ကျလာချိန် နောက်တွင်ရှိနေသည့် ဆိုင်ကယ်ကို တိုက်မိခဲ့ရာ ဆိုင်ကယ်ပေါ်မှ အသက် ၃၉ နှစ်အရွယ် မရီစန်းဆိုသူအား ကြိတ်မိရာ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့တွင် ပြင်းထန်ဒဏ်ရာများရရှိ၍ နေရာ၌ သေဆုံးသွားကြောင်း သိရသည်။

ထိုသို့ ယာဉ်တိုက်မှုဖြစ်ချိန်တွင် ဆိုင်ကယ်ပေါ်တွင် ကလေးနှင့် အမျိုးသားဖြစ်သူလည်းပါရှိရာ တစုံတရာထိခိုက်မှုမရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ