ဘုတလင်မြို့နယ်၊ ကြက်ရိုးကုန်းကျေးရွာ မူလတန်းကျောင်းအတွင်းမှ လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


မေ ၂၂
ယမန်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိနိခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ကြက်ရိုးကုန်းကျေးရွာကိုလုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတင်းအရ ဝင်းရောက်၍ အသေးစိတ်ဝင်ရောက်ရှင်းလင်းခဲ့ရာ အခြေခံပညာမူလတန်းကျောင်း(ကြက်ရိုးကုန်းရွာ)အတွင်းမှ အကြမ်းဖက် PDF များ၏ လက်နက်/ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

အဆိုပါကျောင်းအတွင်းမှ လက်လုပ်သေနတ်(အရှည်) ၆ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၃ လုံး၊ ဝရိန်ပုံး ၁ လုံး၊ကျောက်စက်(အသေး) ၂ ခု တို့ကို သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်PDFများ ဆုတ်ပြေးရာနေရာသို့ ရှင်းလင်းရေးဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

NLDပါတီ၏ ရွေးကောက်ပွဲမသမာမှု၊ မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများနှင့်လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု၊ မီးရှို့မှုများအပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကိုလည်း Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။

#PAN