Drop Bomb ချတိုက်ခိုက်မှုတွေကြောင့် တံတားပြင်ရေး ​နှောင့်နှေးနိုင်ဟုဆို


(ပြည်တွင်း) မေ ၂၁

ရန်ကုန် – မော်လမြိုင်ကားလမ်းက သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အကြားက ကျုံအိတ်တံတားကို KNU/KNLA နဲ့ PDF အကြမ်းဖက်သမားတွေက မိုင်းထောင်ဖောက်ခွဲခဲ့သည့်အတွက် ဘေလီ တံတားနှင့် ကွန်ငရိတံတားတစ်ခြမ်းတို့ ပျက်ဆီး သွားခဲ့သည့်အတွက် နေစဥ်လမ်းအသုံးပြုသူများ အခက်အခဲများစွာနှင့်ကျုံတွေ့နေရကြောင်း သိရသည်။

မိုင်းခွဲခံရမှုကြောင့်ပျက်ဆီးသွားခဲ့သည့် ကျုံအိတ်တံတားကို အမြန်ဆုံးပြန်လည်ပြင်ဆင်ရန်မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်သွား​ကြည့်ရှု့ခဲ့ပြီးနောက်ပိုင်း ယာယီလမ်းလွဲပြုလုပ်နေစဥ် အကြမ်းဖက်သောင်းကျန်းသူများမှ Drone များ လက်နက်ကြီးများဖြင့် နေစဥ်နီးပါးပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

“မနေ့ဆိုရင် ဒရုန်းပျံနေတာကို ကားထဲကမြင်နေရတယ်။ အောက်ကလုံခြုံရေးကလည်း လိုက်ပစ်ချတယ်။ ခဏကြာတော့ လက်နက်ကြီး ကျတယ်။ ကားလမ်းနဲ့ မီတာ ၁၀၀ ကျော်လောက်ပဲကွာတာ။ ကာ​​တွေကလည်းတော်တော်ပိတ်နေတယ်။ အရင်က ငါးစီးတစ်လှည့်ပေးသွားတာ၊ ခုက တစ်နာရီတစ်လှည့်ဖြစ်သွားပြီ”လို့ ကိုယ်တိုင်ခရီးသွားခဲ့သည့် ခရီးသည်တစ်ဦးမှ PAN ကိုပြောသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက် ညနေ ၆ နာရီ ၁၅ မိနစ် ချိန်ခန့်တွင်လည်း ဘီးလင်းမြို့နယ်၊ ခလောက်အင်းကျေးရွာဘက်မှ KNLA/ PDF အကြမ်းဖက်သောင်းကျန်းသူများ လွတ်တင်လာသည့် drone (၁)စီးမှ drop bomb (၂)လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာကျုံအိတ်တံတား၏ မြောက်ဘက် ကိုက်(၁၀၀)ခန့်အကွာ ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညနေ ၆ နာရီ ၂၈ မိနစ်အချိန်ခန့်တွင်လည်း KNLA/PDF အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့မှ Drone (၂)စီးဖြင့် Drop Bomb (၅)လုံး ထပ်မံလာရောက် ပစ်ချတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း လူ၊ ယာဥ်နှင့် တိရိစ္ဆာန် ထိခိုက်မှု မရှိကြောင်းသိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ