(ပြည်တွင်း)မေ ၂၁
ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ခွန်တောင်ကြီးကျေးရွာအနီး ပျံသန်လာသော ဒရုန်းယာဉ် ၁ စီးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ချရယူနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါPDFကြမ်းဖက်အဖွဲ့ ၏ ဒရုန်းယာဉ် ၁ စင်းသည် နယ်မြေလုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များရှိရာသို့ ပျံသန်းလာရာ အကြမ်းဖက် PDF များ၏ Xrotor Pro အမျိုးအစား ဒလက် ၆ ခုပါ Drone ယာဉ် ၁ စီးကို ပစ်ချရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။
ထိုအတူ ရွှေဘိုမြို့နယ် ပန်းရံကျေးရွာအနီးတွင်လည်း အဆိုပါနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်ကလည်း လုံခြုံရေးအဖွဲ့ဝင်များရှိရာသို့ ပျံသန်းလာသော အကြမ်းဖက် PDFအဖွဲ့များ၏ Fix Wing Drone ယာဉ် ၁ စီးကို ပစ်ချရယူနိုင်ခဲ့ကြောင်းသိရသည်။
#PAN