မြန်မာကြက်တောင်မယ် သက်ထားသူဇာ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရ

မေ ၂၁

      မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာအနေဖြင့် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ယခုနှစ်ဇူလိုင်လအတွင်း ကျင်းပပြုလုပ်မည့် အိုလံပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ် ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။

       ပဲရစ်အိုလံပစ်ပြိုင်ပွဲသို့ ဝင်ရောက်ရန် အဆင့်သတ် မှတ်ချက် ၃၆ အထိ ခွင့်ပြုထားရာ သက်ထားသူဇာအနေဖြင့် နိုင်ငံတကာလက်ရည်စမ်းပွဲများမှ ရမှတ် ၃၂,၆၃၀ မှတ်နဲ့ အဆင့်ရပ်တည်မှု (၂၂) နေရာမှာ ရရှိခဲ့ခြင်းကြောင့် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

       သက်ထားသူဇာ ဟာ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က အသိအမှတ်ပြုတဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၄၂) နေရာမှာ ရပ်တည်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ပဲရစ်အိုလံပစ်ပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ဩဂုတ်လအထိ သုံးလကြာကျင်းပပြုလုပ်မည်ဖြစ်ပြီး သက်ထားသူဇာသည် ၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့တဲ့ တိုကျိုအိုလံပစ်ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယခုအကြိမ်နှင့်ဆိုလျှင် အိုလံပစ်ဝင်ပြိုင်ခွင့် နှစ်ကြိမ်ဆက် တိုက် ရရှိထားသူဖြစ်ပါတယ်။

       သက်ထားသူဇာ ဟာ ၂၀၁၇ ခုနှစ်မှစတင်၍ အိုလံ ပစ်ပြိုင်ပွဲများဝင်ရောက်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့မှာ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် အသိအမှတ်ပြု နိုင်ငံ တကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့ပြီးနောက် မြန်မာ နိုင်ငံကိုယ်စားပြု ပထမဆုံးအမျိုးသမီး ကြက် တောင်ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။

#PAN