ရထားလမ်းမိုင်းခွဲခံရမှုကိုသွားရောက်ရှင်းလင်းရာကနေ လက်လုပ်မိုင်း ၂ လုံးထပ်မံသိမ်းဆည်းရမိ


(ပြည်တွင်း) မေ ၂၁

မွန်ပြည်နယ် သထုံမြို့နယ်၊ ကလိကျွန်းရွာ နှင့် ကျွန်းချောင်းရွာကြား ရထားလမ်းပိုင်းတွင် မေလ ၂၀ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က ရထားသံလမ်းအား အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် KNU/PDF များမှ မိုင်းထောင်ဖောက်ခွဲခဲ့ကြကြောင်း သိရသည်။

“ည ၈ နာရီဆိုတော့ ရွာမှာက အသံတွေကတိတ်ပြီလေ။ ရထားလမ်းဘက်က ​မိုင်းပေါက်ကွဲသံကြားရတယ်။ တော်တော်ကျယ်တယ်။ မိုင်းကွဲပြီးတော့ ရထားလာသံလည်းမကြားရတော့ဘူး” လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်သောင်းကျန်းသူများက လိကျွန်းရွာနှင့်ကျွန်ကလေးရွာကြားတွင်ရှိသော တံတားအမှတ်(၇၈)ကို မိုင်းထောင်ဖေါက်ခွဲမူကြောင့် ရထားသံလမ်းဝဲ/ယာ တစ်ပေခွဲခန့်စီပြတ်ထွက် သွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် မီးရထားလမ်း ပျက်ဆီးသွားသည့် တံတားအမှတ်(၇၈)အနီးတွင် လုံခြုံရေးတာဝန်ရှိသူများမှရှင်းလင်းရာ တံတား၏ မြောက်ဘက် ကိုက်(၅၀၀)အကွာ မီးရထား သံလမ်းအပေါ် ဝဲ/ယာ တွင် လက်လုပ်မိုင်း (၂)လုံးကိုထပ်မံတွေ့ရှိခဲ့ကြသဖြင့် သက်မဲ့ပြုလုပ်ကာ သိမ်းဆည်းခဲ့ရကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ